စာပေစီစစ်ရေးမိသားစုများ သင်္ကြန်ပျော်ပါးနိုင်ရန် ဂျာနယ်တစ်စောင်လျှင် နှစ်သောင်းအနည်းဆုံးထည့်ရ အကြိုနေ့ မတိုင်ခင်ရုံးနောက်ဆုံးနေ့ ဖျော်ဖြေပွဲတွင်လည်း အဆိုတော်များကိုလည်း အလကားလာဆိုခိုင်း

၅ ဧပြီ ရန်ကုန်၊             ၊ညွန့် သက်ထားဦး

နာမည်ဆိုးဖြင့် ကျော်ကြားသော မြန်မာနိုင်ငံ ၏ စာပေဆင်ဆာဘုတ်ဖြစ်သည့် စာပေစီစစ်ရေး ရုံးအဖွဲ့ ဝင်မိသားစု များ၏ သင်္ကြန်အကြိုနေ့ မတိုင်ခင် ရုံးတွင်းစတုဒီသာ အလှု လုပ်ရန် နှင့် သင်္ကြန်ကာလ
အတွင်းပျော်ပါး နိုင်ရန် အတွက် ဂျာနယ်များကို တရားဝင် အလှုကောက်ခံခြင်းပြုရာ ဂျာနယ်တစ်
စောင် လျှင် အနည်းဆုံး နှစ်သောင်းမှ တစ်သိန်း ထိထည့် ၀င်ရသည်ဟု ဆိုသည်။

ဗဟန်းဝင်္ကပါလမ်းရှိ စာပေစီစစ်ရေးရုံးတွင် အကြိုနေ့ မတိုင်ခင် စတုဒီသာ ကျွေးမွေးပွဲ နှင့် ဖျော်ဖြေပွဲ
အတွင် ဂျာနယ် မဂ္ဂဇင်း များကလည်း ရံပုံ ငွေ ထည့်ဝင် ရသလို ထိုနေ့ ဖျော်ဖြေပွဲ အတွက် အဆိုတော် များကလည်း အခမဲ့လာ ရောက် ဖျော်ဖြေရမည် ဟုသိရသည်။နာမည်ကျော် လူငယ် ပေါ(ပ်) အဆိုတော် တစ်ဦးက “သမီးတို့ လည်း သင်္ကြန်နဲ့ မအားရတဲ့ ထဲမှာ ဘယ်ဆိုချင်ပါ့ မလဲ၊ဒါပေမယ့် သူတို့ ကလာဆို ပေါ့ခေါ် တော့လည်း သွားဆိုရတာ ပေါ့ သမီးတို့ သီချင်းစာ သား
တွေဆင်ဆာ ကျဖို့ ကသူတို့ လက်ထဲမှ ပဲ ရှိတာ ဆိုတော့ ဘယ်တတ် နိုင် မလဲ” ဟုFreedom News
Group သို့ ပြောသည်။

စာပေစီစစ်ရေး အလှုအတွက် ဂျာနယ် ၊မဂ္ဂဇင်း များမှ တရားဝင် အလှုကောက်ခံခြင်း နှင့် ပတ်သက်၍
ရန်ကုန် မြို့ မှသတင်းထောက် တစ်ဦးကမူ “အလှုခံကတည်း ဘယ်လောက်လှုရမလဲ ဆိုတာပြောပြီးသား ပေါက်တယ့် ဂျာနယ်ဆို အနည်းဆုံး ငါးသောင်း ပေးရတယ်၊ကျွန်တော် တို့ က ဂျာနယ်နှစ်စောင် ထုတ်တယ် တစ်စောင်က သိပ်ရောင်းမကောင်းသေးလို့  ငါးသောင်းပဲ ယူပါလို့ မနေ့  ကသွားပြီးတောင်းပန် ပြောရတယ် ”ဟု ပြောသည်။

စာပေစီစစ်ရေးသည် ယခင်အပတ် က Eleven Media Group မှ လာဘ်ငွေ သိန်းဆယ်ဂဏန်း
ထကမနည်းယူ၍ သူနှင့် နာမည်တူ သည့် Lucky Eleven ၀ီစကီ၏ ကြော်ငြာများကို အခြားဂျာနယ်
များတွင် ကြော်ငြာခွင့် မရရန် ပိတ်ပင်တားမြစ်ပေးခဲ့သည် ဟု ရန်ကုန် စာပေအသိုင်းအ၀ိုင်းတွင် ပြော
ဆိုနေကြသည်။