၅ ဧပြီ ရန်ကုန်၊ ၊ယူကွန်

ယခင် နှစ်က နာမည်ကျော်စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်ပိုင် ဆိုင်သော တက္ကသိုလ်ရိပ်သာ လမ်းရှိ BME အမည်ရှိ မဏ္ဍပ် တွင်ရေပက် ကစားရင်း မူးယစ်ဆေးဝါးစွဲခဲ့သော စစ်ခေါင်းဆောင်
ဗိုလ်ချုပ်မှုးကြီးသန်းရွှေ၏ မြေးဖြစ်သူ ဖိုးလပြည့်မှာ ယခုနှစ် သင်္ကြန်တွင် ၎င်းကိုယ်ပိုင် မဏ္ဍပ်တစ်ခု
ကို အင်းလျှားလမ်း စီးပွားရေးတက္ကသိုလ် ရှေ့တွင် စတင်ဆောက် လုပ်နေပြီဟု သိရသည်။
Caterpillar ၀န်ချီစက်ဖြင့်ပင် ဆောက်လုပ်နေ သောထို မဏ္ဍပ်မှာ အင်းလျှားလမ်းတွင် အကြီးဆုံး
မဏ္ဍပ်တစ်ခု ဖြစ်နိုင်ဖွယ်ရှိပြီး အခြားမဏ္ဍပ် လေးခုစာလောက် ကျယ်ဝန်းသည် ဟုသိရသည်။ထို
မဏ္ဍပ်တွင် ရေပက် ကစားချင်သူများ အနေဖြင့် ယောင်္ကျားလေး FEC ၂၀၀ ကျသင့်မည်ဖြစ်ပြီး မိန်းကလေး FEC ၁၅၀ ကျသင့်မည် ဖြစ်သည်။
အခြားမဏ္ဍပ် များတွင် ရေက်ကစားပါ က ဈေးအမြင့်ဆုံးမဏ္ဍပ်ပင်လျှင် ကျပ် ခုနှစ်သောင်းခန့် သာရှိ
သော်လည်း ဖိုးလပြည့် ၏ မဏ္ဍပ် တွင် ရေကစားပါက ကျပ်ငွေအားဖြင့် နှစ်သိန်းကျော် ကုန်ကျမည်
ဖြစ်သဖြင့် လက်ရှိ အင်းလျှားလမ်းရှိ မဏ္ဍပ်များတွင် ဈေးအမြင့်ဆုံးဖြစ်သည် ဟုသိရသည်။
ဖိုးလပြည့် အင်းလျှားလမ်းတွင် ရေပက်ကစားမည့် ကိစ္စနှင့် ပတ်သက်၍ အင်းလျှားလမ်းတွင် နှစ်စဉ်
မဏ္ဍပ် ထိုင်သူတစ်ဦးက “သူ့ ဘေးနားကမဏ္ဍပ် တွေ ကိုမကြည်ရင် ရန်စသေးတယ် အဲဒါနှစ်တိုင်းသူလုပ် နေကျ အလုပ်ပဲ”ဟု Freedom News Group သို့ ပြောသည်။
