လူကြိုက် များနေတဲ့ Fast and Furious ရုပ်ရှင်ကားသစ်

405px-fast_and_furious_posterယခုတစ် ပတ် box office တွင်ထိပ်ဆုံးရောက်နေ သည့်ဇတ်ကားမှာမြန်မာပရိသတ်တို့ နှစ်ခြိုက်သည့် Fast and Forious  ဆိုသည့်မော်တော်ကားမောင်း
နှင်နိုင် မှုစွမ်းရည် ကိုအသုံးချပြီး ဂိုဏ်းဂဏဖွဲ့ ရာဇ၀တ်မှု ကျူးလွန်သည့် ဇာတ်ကားဖြစ်သည်။ကတုံးမင်းသား ဗင်ဒီဇယ်၊မီရှယ်ရောဒီကွေဇ် နှင့်ပေါ်လ်ဝေါ်လ်ကာတို့ သရုပ်ဆောင်ထားပြီး ဒါရိုက်တာဂျပ်စတင်လင်းဖြစ်သည်။The fast and The furious :Tokyo
Drift ဇာတ်ကားကို လည်း ဒါရိုက်တာ ဂျပ်စတင်လင်းပင်ရိုက်ကူးထား ခြင်းဖြစ်သည်။

၂၀၀၁ ခုနှစ်က လူကြိုက်များခဲ့သော The Fast and Furious ဇာတ်ကားကို ၂၀၀၃ ခုနှစ်တွင်
2 Fast 2 furious နာမည်ဖြင့်ထပ်မံရိုက်ကူးခဲ့သည်။၂၀၀၆ ခုနှစ်တွင် The Fast and The Furious :Tokyo Drift နာမည်ဖြင့်တိုကျိုမြို့ ကိုနောက်ခံထားပြီးရိုက်ကူးခဲ့သည်။Tokyo Drift
ဇာတ်ကားထဲ မှ ဇာတ်ဝင်တေးများမှာလူကြိုက်များသည်။၂၀၀၉ ခုနှစ်တွင် Fast and Furious အမည်ရှိ ဇာတ်ကားကို ဒိုမီနီကန် ရီပတ်ဘလစ် စသည့် လက်တင်အမေရိက နိုင်ငံများတွင်နောက်ခံထားပြီးရိုက်ကူးခဲ့သည်။အမေရိကန်တွင် ရုပ်ရုင်ရုံပေါင်း ၃၄၀၀ ကျော်ဉ်
တင်ဆက်ပြသပြရာ လူကြိုက်အများဆုံးဖြစ်နေသည်။သောကြာနေ့ ကစပြီးရုံတင်ပြသရာသုံးရက်
အတွင်း ဒေါ်လာ ၇၂ သန်းဝင်ငွေရပြီးဖြစ်သည်။

Trailer ကိုရုပ်ရှင် ကဏ္ဍတွင်ရှု စားနိုင်ပါသည်။