၅ ဧပြီ တိုကျို၊ ၊ရိုက်တာ၊NHK

The rocket, a Taepodong 2, was launched at around 11:30 a.m. local time Sunday (2:30 a.m. GMT) at a base in the northeastern part of the country. Officials in Washington, D.C., confirmed early Sunday that the rocket cleared Japan.
တနင်္ဂနွေ နေ့ မနက်အစောပိုင်းက ဂျပန်နိုင်ငံပေါ် ဖြတ်၍ မြောက်ကိုရီးယား ၏ တာဝေးပစ်ဒုံးကျဉ်
ပစ်လွှတ် မှုကြောင့် ကွန်မြူနစ် မြောက်ကိုရီးယားနိုင်ငံသည် နိုင်ငံတကာ၏ ရှုံချခြင်းကိုခံရပြီး ဒုံးပျံပစ်လွှတ် မှုနှင့်ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင် စီတွင် အရေးပေါ်အစည်းအဝေး စတင်နေပြီးဟု တိုကျို မှလာ သော ရိုက်တာ သတင်းတစ်ရပ် တွင် ဖေါ်ပြထားသည်။
မြောက်ကိုရီးယား အစိုးရအာဘော် သတင်းဌာန က ဆက်သွယ်ရေးဂြိုလ်တု ကိုတင်ဆောင်ထား
သောဒုံးပျံ ကို ကမ္ဘာပတ် လမ်းကြောင်း တွင်းသို့ အောင်မြင်စွာပစ် လွှတ်နိုင်ပြီဟု ကြေငြာပြီးနောက်ရေဒီယိုတွင် တော်လှန်ရေးသီချင်းများ ဖွင့်၍ အောင်ပွဲ ခံကြသည်ဟု သိရသည်။
ဥရောပ နိုင်ငံများသို့ ခရီးလှည့်လည် စဉ် ချက်နိုင်ငံ ပရဂ် မြို့ သို့ ရောက်ရှိနေ သော အမေရိကန်သမ္မတ အိုဘားမားက “ပြုံးယမ် ၏ ထိုအပြုအမူ သည် ကုလသမဂ္ဂ နှင့် နိုင်ငံတကာ ဥပဒေများကို ပြောင်ပြောင် တင်းတင်း ချိုးဖေါက် ခြင်းဖြစ်သည်ဟု သတင်းထောက် များကို ပြောသည်။
ကုလ သမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် ဘန်ကီမွန်း ကလည်း မြောက်ကိုရီးယား ၏ လုပ်ရပ်သည် ဒေသတွင်းတည် ငြိမ် အေးချမ်းရေးကို ချိုးဖောက်သည် ဟု ကြေငြာချက်တွင် ဖေါ်ပြခဲ့သည်။
အမေရိကန် ၏ ပြည် နယ် တစ်ခုဖြစ်သော အလက်စကား သို့ ပင် ရောက်ရှိအောင် ပစ်ခတ် နိုင်သည့် မြောက်ကို ရီးယား၏ တေပိုဒေါင်း ၂ အမျိုး အစား ဒုံးပျံ၏ ပထမ တွန်းအားပေး ဒုံးသည် ဂျပန်ပင်လယ်ပြင်ထဲ သို့ ကျရောက် မည် ဖြစ်ပြီး ဒုတိယ တွန်းအားပေးဒုံးမှာ ပိစိဖိတ် သမုဒ္ဓရာ ထဲ
သို့ ကျရောက် မည် ဖြစ်သည်။
မြောက် ကိုရီးယား ကိစ္စ ကို အရေးယူရန် လုံခြုံရေးကောင် စီတွင်မဲ ခွဲလျှင် တရုတ် နှင့် ရုရှားတို့ က ဗီတို အာဏာသုံး ၍ ဆန့် ကျင် ကြမည်ဖြစ်သည်။
မြောက်ကို ရီးယား ၏ ဒုံးပျံ ဂယက် ကြောင့် တနင်္လာနေ့  တွင် ဂျပန် နှင့် တောင် ကိုရီးယား စတော့ ခ် ဈေးကွက် များကျဆင်းမှု နှင့် ကြုံနိုင်ဖွယ် ရှိသည်ဟု စီးပွားရေးပညာရှင် များက သုံးသပ်ထားသည်။
