၆ ဧပြီ ရန်ကုန်၊ ၊ဟိန်းခိုင်ထွန်း
မြန်မာနိုင်ငံ ၏ တီဘီရောဂါ တိုက်ဖျက် ရေး အတွက် အစိုးရဆေးရုံများမှ တစ်ဆင့်သာ ဆေးဝါးများကို ထောက်ပံ့ပေး နေရသည့် နိုင်ငံတကာ NGO တစ်ခုဖြစ်သော Global TB Drug Facility ၏ မြန်မာ နိုင်ငံအပေါ် ဆေးဝါးပံ့ ပိုးနေ မှုများမှာ ၂၀၀၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြီးဆုံးတော့ မည်ဖြစ်ကြောင်း ယနေ့ ထုတ် ၀ီကလီ အဲလီဗင်း ဂျာနယ်တွင် ဖေါ်ပြထားသည်။
မြန်မာ နိုင်ငံသို့ ၂၀၀၃ ခုနှစ်တည်း က တီဘီ ဆေးဝါးများထောက်ပံ့မှု ပေးခဲ့သည့် Global TB Drug Facility ၏ပံ့ ပိုးမှုများ ပြီးဆုံးတော့ မည်ဆို ခြင်းကြောင့် မြန်မာ ကျန်းမာရေး ၀န်ကြီးဌာန မှာ တီဘီရောဂါ တိုက်ဖျက် ရေးရံပုံ ငွေ အပူတပြင်း ရှာလျှက် ရှိကြောင်းသိရသည်။၂၀၀၅ ခုနှစ်ကမြန်မာ နိုင်ငံမှ ထွက်ခွာသွား သည့် Global Fund ထံမှ လည်း ရံပုံငွေ ပြန်လည်ရရှိရန် မြန်မာ စစ်အစိုးရ ကအဆို ပြု ချက်များရေးတင် နေသည်ဟု သတင်းရရှိသည်။
ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ ခန်းမှန်းချက် အရ နှစ်စဉ် တီဘီ ရောဂါဖြစ်ပွားသူ မြန်မာနိုင်ငံတွင် တစ်သိန်း ခန့် ရှိမည် ဟုခန့် မှန်းထားသည်GDF ၏ အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားချက်အရ ခြောက် နှစ် အတွင်း ကမ္ဘာ့ တစ်ဝှမ်းမှ လူပေါင်းဆယ်သန်းကို တီဘီ ဆေးများအ ခမဲ့ တိုက်ကျွေးနိုင်ခဲ့ ကြောင်းဖေါ်ပြထားသည်။
မြန်မာနိုင် ငံတွင် GDF မှ တီဘီ ဆေးဝါးများကို အခြားနိုင်ငံ များတွင်လို လူနာရှင်ကို တိုက်ရိုက် ထောက်ပံ့ ခြင်းမပြု နိုင်ကြောင်း၎င်း တို့ ၏ ၀ဘ်ဆိုတ် တွင် ဖေါ်ပြထားသည်။GDF ကို အလှုငွေ အများဆုံး ထည့်ဝင်နေ သည့် နိုင်ငံမှာ အမေရိကန် ဖြစ်သည်။
ဒေသတွင်း နိုင်ငံများတွင် လည်း GDF ကဆေးဝါးများပံ့ပိုးပေးလျှက် ရှိသည်။
ယနေ့ ထုတ် ၀ီကလီ အဲလီဗင်းဂျာနယ်တွင် ART ဆေးလိုအပ်နေသည့် ဝေဒနာရှင် များအနက်
နှစ်ဆယ် ရာခိုင်နှုန်းခန့် သာဆေးဝါးရကြောင်း ဖေါ်ပြထားသည်။ART ဆေးမှာ HIV နှင့်နေထိုင်သူ များအတွက် သုံးသည့်ဆေးဖြစ်သည်။
တီဘီ ရောဂါ နှင့် ပတ်သက်၍ အင်တိုက်အားတိုက် ဆောင်ရွက် နေသော ဆရာဝန် တစ်ဦက “
GDF သာပံ့ပိုးမှု ရပ်ဆိုင်းသွားပါက မြန်မာနိုင်ငံ ရှိ တီဘီ ရောဂါ ဝေဒနာရှင် များအတွက် အခက်
အခဲ ရှိနိုင်သည် ”ဟု Freedom News Group သို့ ပြောသည်။
