ရ ဧပြီ ရန်ကုန်၊ ၊Freedom News Group
မြန်မာနိုင်ငံရဲတပ်ဖွဲ့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့မှ လှို့ ဝှက်အဆင့် အနေဖြင့် ထားရှိသော မတ် လ ၁၂ ရက် နေ့  ၂၀၀၉ ခုနှစ် နေ့ စွဲ ဖြင့် ပေါက်ကြားသွားသောအစီရင်ခံစာ တစ်စောင် ကို Freedom News Group မှ ဖတ်ရှု ခွင့် ရခဲ့ရာ တစ် နှစ် လျှင် မြန်မာ အမျိုးသမီးငယ် နှစ်ထောင်ခန့် မှာ အသွင်အမျိုးမျိုးဖြင့် လိင်ပိုင်းဆိုင်ရာ လူကုန်ကူးခြင်း ခံရပြီး နိုင်ငံရပ်ခြားရှိ လိင်ဖျော်ဖြေရေး လုပ်ငန်းများတွင် အဓမ္မ စေခိုင်းခံရသည် ဟု ဖေါ်ပြထားသည်။
၎င်းအစီ ရင်ခံစာ နှင့် အတူပါသော အမှုတွဲတစ် ခုဉ် မရီ(နာမည်ရင်းမဟုတ်ပါ)ဆိုသည့် အမျိုးသမီးတစ်ဦး မှာ ရန်ကုန် ဟိုတယ်တစ်ခု တွင် ဧည့်ကြို အဖြစ်တာဝန်ထမ်းဆောင် နေရာမှ မကာအို ဧည့်သည် တစ်ဦးနှင့် ရင်းနှီးသွားပြီး ထိုသူမှ သူ ဘန်ကောက်တွင် ဖွင့်လှစ်ထား သည့် ဟိုတယ် တစ်ခုဉ် ဒီထက်ပိုကောင်း သည့် လစာငွေ ဖြင့်ရာထူး တစ်ခုပေး မည် ဆိုသော ကြောင့် မရီ မှာ ထိုသူ့ နောက်သို့  ယုံကြည်ပြီးလိုက် သွားမိသည်။
ဘန်ကောက် ရောက်သည့် အခါတွင် မြို့ စွန်ရှိ အိမ်တစ်လုံးတွင် သင်တန်းတက် ရမည် ဆိုပြီးထားခဲ့သည် နောက်မှ ထိုသင်တန်းမှာ လိင်ဖျော်ဖြေရေး လုပ်ငန်းများ အတွက် သူ့ ကို သင်ကြားပေးသောသင်တန်းဖြစ်ပြီး နောက်မှ ထိုလူက သူ့ ကိုရောင်းစားသွား မှန်းသိရသည် ဟုဆိုသည်။
မရီလည်း နောက်ခြောက်လကျော်ကြာမှ ထိုင်းအခြေစိုက် မြန်မာ သံရုံး နှင့် NGO တစ်ခု၏ အစီအစဉ် ဖြင့်ပြန်လည် လွတ်မြောက် လာခဲ့သည် ဟု ဖေါ်ပြထားသည်။
အသက် ၁၆ နှစ် မှ ၃၀ နှစ် အရွယ်ကြားမြန်မာ အမျိုးသမီး ငယ်များမှာ လူကုန်ကူးသူများ၏ ဖျားယောင်းသွေးဆောင် မှုကြောင့် ထိုင်း၊တရုတ်၊အိန္ဒိယ ၊စင်္ကာပူ ၊ဘင်္ဂလားဒေရှ်ရှိလိင် ဖျော်ဖြေရေးလုပ် ငန်းများတွင် သွားရောက် လုပ်ကိုင် နေကြရသည် ဟုသိရသည်။
ကုလ သမဂ္ဂလူကုန် ကူးမှုတားဆီးတိုက်ဖျက်ရေးအဖွဲ့ (UNIAP) ၏အစီအရင် ခံစာတစ်စောင်ဉ်
မြန်မာနိုင်ငံသည် ဒေသတွင်းလူကုန်ကူးမှု များ၏ ကြားခံနိုင်ငံတစ်ခုလည်း ဖြစ်သည် ဟုဆိုသည်။
တရုတ်၊လာအို နှင့် ဘင်္ဂလားဒေရှင့်္ နိုင်ငံမှ အမျိုးသမီးများသည် မြန်မာနိုင်ငံမှ တစ်ဆင့် ထိုင်း၊စင်္ကာပူ နှင့် အာရပ်နိုင်များသို့ ပို့ ဆောင်ခြင်းခံရသည် ဟုဆိုသည်။
အမျိုးသမီးငယ်များ လိင်ပိုင်းဆိုင်ရာ လူကုန်ကူးခြင်းခံရမှုသည် မြန်မာနိုင်ငံတွင် ပုံစံအမျိုးမျိုးနှင့် ဖြစ်ပေါ်နေပြီး ယခု ဘန်ကောက်တွင် နေထိုင်သော မနီ(နာမည်ရင်းမဟုတ်ပါ)ဆို သည့် အမျိုးသမီးငယ်တစ်ဦးကမူသူရန်ကုန်တွင် ရှိစဉ် က စင်္ကာပူတွင် နေသော မြန်မာ အမျိုးသမီးငယ် တစ်ဦးနှင့် ရင်းနှီးသွားပြီးသူမက စင်္ကာပူ တွင် အလုပ်အကိုင် အဆင်ပြေကြောင်း ပြောရာမှ စင်္ကာပူသို့ ရောက်သွားသည့် အခါ သူမက မလေးနယ်စပ်သို့ ခေါ်သွားပြီး အနှိပ် ခန်းတွင် သွား
ရောက်ပို့ ပေးခဲ့သည် ဟုပြောသည်။
မြန်မာနိုင်ငံ မှအလုပ်သမားနှစ်သန်းခန့် သည် အိမ်နီးချင်းထိုင်းနိုင်ငံတွင် လုပ်ကိုင်နေကြပြီး
အချို့ မှ လိင်ဖျော်ဖြေရေးလုပ်ငန်းများတွင် ၎င်းတို့ ဆန္ဒအရ လုပ်ကိုင်နေကြသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက မူမြန်မာနိုင်ငံသည် လူကုန်ကူးမှု တားဆီးတိုက်ဖျက်ရန်
ပျက်ကွက်သော နိုင်ငံများစာရင်းတွင်ပါသည် ဟုစွပ်စွဲ ထားသည်။
