လူထုဒေါ်အမာ ကွယ်လွန်ခြင်း တစ်နှစ်ပြည့် အမှတ်တရ သီလရှင်အပါးလေးရာအား သကျသီဟ ဘုရားတွင်ဆွမ်းကျွေး

ရ ဧပြီ မန္တလေး၊             ၊ညွန့် သက်ထားဦး

ဆရာမကြီး လူထုဒေါ်အမာအား မကွယ်လွန်ခင် ကတွေ့ ရစဉ်
ဆရာမကြီး လူထုဒေါ်အမာအား မကွယ်လွန်ခင် ကတွေ့ ရစဉ်

၂၀၀၈ ခုနှစ် ဧပြီလ ခုနှစ်ရက်နေ့ က ကွယ်လွန်ခဲ့ သည့် ၀ါရင့်သတင်းစာဆရာမကြီးလူထု ဒေါ်အမာ၏ တစ်နှစ်ပြည့် အမှတ်တရ အခမ်းအနားကို မန္တလေးရှိ ဆရာမကြီး၏ သားသမီးမြေး များ နှင့် တပည့် များက စုပေါင်းကျင်းပကြရာ ရန်ကုန် နှင့် မန္တလေး ရှိ စာနယ်ဇင်း နှင့် နိုင်ငံရေး
အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များ တက်ရောက် ကြသည်။

ဆရာမကြီး လူထုဒေါ်အမာ ကွယ်လွန်ခြင်း တစ်နှစ်ပြည့်အဖြစ် ယနေ့ နံနက်က မန္တလေးမြို့ သကျသီ
ဟ ဘုရားတွင် သီလရှင် အပါးလေးရာအား ဆွမ်းကျွေးခြင်း ဘုန်းကြီးဆယ်ပါးအား နေ့ ဆွမ်းကပ်
ခြင်း လူပေါင်း၁၀၀ ကျော်အား လူထုစာကြည့်တိုက်တွင် အဟာရ ဒါနပြုလုပ်ခဲ့ခြင်းများရှိသည် ဟုသတင်းရရှိသည်။

ဆရာမကြီး၏ နှစ်ပတ်လည် အလှုဒါန ပွဲသို့ ရောက်ရှိသူ တစ်ဦးက “တကယ့် ဒါန အစစ်ပဲဗျ အလှုကိုလာစားတဲ့ သူတွေ တိုးမပေါက်ဘူး၊ဆရာမကြီးကို ကြည်ညိုတဲ့သူတွေလည်း နယ်ဝေးကနေတောင်လာကြတယ် ”ဟု Freedom News Group သို့ ပြောသည်။

ကွယ်လွန်ချိန် တွင် အသက် ၉၃ နှစ်ရှိပြီ ဖြစ်သော ဆရာမကြီးလူထုဒေါ် အမာမှာ အမျိုးသားလွတ်မြောက် ရေးလှုပ်ရှားမှု တွင် ပါဝင်ခဲ့သော သတင်းစာဆရာကြီးလူထု ဦးလှ ၏ ဇနီးဖြစ်ပြီး သူမကိုယ်တိုင်လည်းမတရားမှုများအတွက်  အနစ်နာခံတိုက်ပွဲ ၀င်ရင်း ထောင်သွင်းအကျဉ်းချခံခဲ့ရဖူးသည်။

One thought on “လူထုဒေါ်အမာ ကွယ်လွန်ခြင်း တစ်နှစ်ပြည့် အမှတ်တရ သီလရှင်အပါးလေးရာအား သကျသီဟ ဘုရားတွင်ဆွမ်းကျွေး

  1. လူထုစာကြည့်တိုက် ဆိုတာ မန္တလေးက လက်ဆည်ကန်ရပ်၊ လူထုပုံနှိပ်တိုက်ကို ပြောတာလား?
    မန္တလေးမှာနေတာကြာပြီ။ ရွှေဥဒေါင်း စာကြည့်တိုက်တော့ သိတယ်။ လူထုစာကြည့်တိုက်ကို သတိမထားမိဘူး။ သေခြာသိအောင် Mail ပြန်ရေးပေးပါ။

Comments are closed.