သင်္ကြန်ကာလ အတွင်းဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့လမ်းမ တွင်အတားအဆီးများတိုးမြှင့်ချထား

၈ ဧပြီ ရန်ကုန်၊                  ၊တင်ကျော်ကျော်စိုး
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာ တက္ကသိုလ် ရိပ်သာလမ်းတွင် သူမ အိမ်ရှေ့ ရှိ ယခင် အတားအဆီးများချထားသောနေရာမှ အနည်းငယ်တိုးမြှင့်၍ အနောက် ဘက် တွင် ရွှေတောင်ကြားရပ်ကွက်ထဲ ၀င်ရာသံလွင်လမ်း ထိပ်ထိ ၎င်း အရှေ့ဘက် တွင် ကမ္ဘာအေး စေတီ လမ်းမ နှင့် တက္ကသိုလ် ရိပ်သာလမ်း ထောင့် မီးပွိုင့် အနီးထိ ရောက်အောင် အကာအရံများတိုးမြှင့်ချထားလိုက်သည် ဟုသိရသည်။

တက္ကသိုလ်ရိပ်သာ လမ်းအင်းလျှားကန်စောင်း တွင် မဏ္ဍပ်ဆောက်လုပ်နေ သော လူငယ်တစ်ဦးက
“ပထမ ဘုန်းကြီးကျောင်း ရှေ့ထိပဲ ပိတ်ထားတာ အခုညနေ မှ အတားအဆီးတွေ ကိုတိုးလိုက်တာ
lolane မဏ္ဍပ် နားအထိပဲ ”ဟု Freedom News Group သို့ ပြောသည်။

နိုဘယ်ဆုရှင်များတွင် တစ်ဦးတည်းသော နေအိမ်အကျယ်ချုပ်ချထားခြင်းခံရသည့် ဒေါ်အောင်ဆန်းစုကြည်မှာနှစ် နှစ်ဆယ်အတွင်း နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် ၁၄ နှစ်နေရသည့် အတွက် မြန်မာ အတာသင်္ကြန်ကို ခြောက်ကြိမ်သာ လွတ်လပ်စွာဖြင့် ကြုံတွေ့ ခွင့်ရခဲ့သည်။