၈ ဧပြီ တမ်ပါ ဖလော်ရီဒါ၊ ၊Freedom News Group

ယခင်နှစ်က ရန်ကုန်သင်္ကြန် တွင်သောသောညံ အောင် ဖွင့်ခဲ့ကျ၍ မြန်မာ ဟစ်ဟော(ပ်)ချစ်သူများ
တွင်သာမက အခြားဂီတ ပရိသတ်များလည်း ကြိုက်နှစ်သက်ခဲ့ သော လိုး(Low) သီချင်းကို သီဆိုခဲ့
သည့် အမေရိကန် ဖလော်ရီဒါ ပြည်နယ် သားရက်(ပ်)အဆိုတော် ဖလို ရိုက်ဒါ (Flo Rida)နှင့် Freedom News Group သုံးမိနစ်ကျော်ကြာဖုန်းဖြင့်စကားပြောခဲ့သည့် အထဲမှ မြန်မာ ဟစ်ဟော(ပ်)အဆိုတော် ဇေယျာသော် နှင့် ပတ်သက်ပြီးပြောခဲ့သမျှကို ပြန်လည်ဖေါ်ပြလိုက်
ပါသည်။
ဒုတိယ မြောက်အယ်(လ)ဘမ် R.O.O.T.S ကို အတ္တလန်တစ် ဓာတ်ပြားတိုက်မှ ထွက်ရှိခြင်းအမှတ်
တရပရိသတ်၏ ဝေဖန်အကြံပြုချက် ကို နားထောင်ရန် အတွက် သူ၏ဖုန်းနံပါတ် ကို သူ၏၀ဘ်ဆိုက်ရှိ Fan မားကိုအသိပေးခဲ့ပြီး နောက် သူ၏ပရိသတ်များနှင့် တနေ့ တာလက်ခံစကားပြောခဲ့သည်။
ဖလိုရိုက်ဒါ မှာ ၂၀၀၈ ခုနှစ်မတ်လ က Mail on Sunday အယ်(လ)ဘမ်ကို ထုတ်ဝေခဲ့ပြီး ထို
အယ်(ဘ)မ်ထဲမှ Low နှင့် Timbaland featuring သီဆိုပေးခဲ့သည့် Elevator သီချင်းတို့ မှာလူကြိုက်များခဲ့သည်။မတ်လ ၃၁ ရက်နေ့ ကနောက်ဆုံးထုတ် ဝေခဲ့သည့် R.O.O.T.S အယ်(လ)ဘမ်တွင်လည်း Right Round နှင့် Sugar သီချင်းများမှာ နာမည်ကြီးသည်။
Flo Rida နှင့် FNG တို့ ပြောဖြစ်ခဲ့သည် အချို့ မှာ………
FNG၊ ၊ခင်ဗျားရဲ့ ပထမ အယ်(လ)ဘမ်ထဲက Low ကျွန်တော် တို့ မြန်မာပြည်မှာ တော်တော်ပွဲခံတာပဲ
Flo Rida၊ ၊သတင်းစကားပါးတဲ့ အတွက် ၀မ်းသာပါတယ်။မျှော်လည်းမျှော် လင့်ပါတယ်။
FNG၊ ၊Right Round ကို Dr .Luke တီးပေးထားတာအပျံ့ စားပဲ ။80 ‘s စတိုင် လေးတွေ
နဲနဲ စွက်တယ်နော်
Flo Rida၊ ၊ခံတွင်း အတွေ့ ဆုံးပဲ Kesha feature လုပ်ထားတာလဲ ညက်နေတာ ကို Dr Luke က Dead or Alive Band ရဲ့  you spin me around ကိုယူထားတာ
FNG၊ ၊ခင်ဗျားက အကျပ်အတည်းတွေ မျှော်လင့်ချက် မဲ့မှု တွေမှာ ပိုအာရုံ ရတယ်ဆိုတော့ မြန်မာပြည် မှာ ဆိုရင် ပြည်သူတွေ ရဲ့ အကျပ်အတည်းကို သီချင်းဆိုပြတဲ့
ရက်ပါ ဇေယျာသော် က ထောင်ချခံထား ရတယ်။ခင်ဗျားဒါမျိုးကို စိတ်ဝင်စားမယ်ထင်တယ်။
Flo Rida၊ ၊နာမည်ဘယ် လိုခေါ်တယ် ။သူငယ်ချင်းပြောလို့ မြန်မာပြည် ကြားဖူးတယ် ခြေခြေမြစ်မြစ် တော့ မသိဘူး၊ဒီလိုလုပ် ခင်ဗျား ဒီအကြောင်းကို ကျွန်တော် ဓာတ်ပြားတိုက်ကို
ပို့ ထားလိုက် ဟုတ်လား
FNG နှင့် Flo Rida တို့ ဖုန်းဖြင့်စကားပြောသည့် အထဲမှ ကောက်နှုတ် ဖေါ်ပြခြင်းဖြစ်ပါသည်။
Flo Rida ၏ Low နှင့် Right Round သီချင်းကို ဂီတ ကဏ္ဍ တွင် နားဆင်ကြည့် ရှုနိုင်ပါသည်။
