
ဧပြီလ ၁၀ ရက်နေ့ မှ ၁၂ ရက်နေ့ ထိ သုံးရက်တာကျင်းပမည့် အာဆီယံ ဆက်စပ်အစည်းအဝေးအတွက် ထိုင်းဝန်ကြီးချုပ် ကအာမခံပါသည် ဟု ပြောသော်လည်း အင်္ဂါနေ့ ကပတ္တယားရှိ သူစီးလာသော ကားကို ၂၀၀၆ ခုနှစ် ကဖြုတ်ချခံခဲ့ရသည့်  ၀န်ကြီးချုပ်ဟောင်း သက်ဆင် လိုလားသူများကလမ်းတွင် ပိတ်ဆို့ ၍ ကိုယ်ထိလက်ရောက် နှောင့်ယှက်ခဲ့ကြသည်။ အာဆီယံ ဆက်စပ်အဝေးကျင်းပနေ ချိန်နှင့် တစ်ပြိုင်နက် တည်းတွင် အာဏာရှင်ဆန့် ကျင်ရေးညီညွတ်သောဒီမို ကရေစီ တပ်ပေါင်းစုကလည်း အစိုးရပြုတ်ကျရေးဆန္ဒပြပွဲ ကိုအရှိန် မြှင့်ရန်ဆော် သြထားသည်။ ထိုင်းနိုင်ငံ ပတ္တယားကမ်းခြေတွင် ကျင်းပမည့် အာဆီယံ ဆက်စပ်အစည်းအဝေသို့  အာဆီယံ အဖွဲ့ ဝင်နိုင်ငံများနှင့် အတူ တရုတ်၊အိန္ဒိယ၊သြစတေးလျှ၊တောင်ကိုရီးယား၊ဂျပန်၊နယူးဇီလန် နိုင်ငံများပါ တက်ရောက်ကြမည် ဖြစ်သည်။ မြန်မာ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်လည်းထို အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်သည်။ ၁၄ ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကို မတ်လက ထိုင်းနိုင်ငံ အပန်းဖြေစခန်းမြို့ ဟွာ ဟင်းတွင်ကျင်းပခဲ့သည်။
