လေဖိအားနည်း ရပ်ဝန်း သတင်းကြောင့် သင်္ကြန် အတွင်းချောင်းသာ ငွေဆောင်သွားမည့်ခရီးစဉ်များထက်ဝက် ကျဆင်း

၉ ဧပြီ ရန်ကုန်၊                 ၊ယူကွန်

ချောင်းသာကမ်းခြေဟိုတယ်
ချောင်းသာကမ်းခြေဟိုတယ

ချောင်းသားတွင်ရှိနေသော နောက်ပြန်ဆွဲလှိုင်း
(Rip Tide)များကို အပန်းဖြေသူများသတိပြုသင့်

မနှစ် ကတိုက် ခတ်သွားသောဆိုင်ကလုန်းနာဂစ် မုန်တိုင်း ဒဏ်ကြောင့် သင်္ကြန်ကာလအတွင်းဧရာဝတီတိုင်းရှိ ချောင်းသာ ငွေဆောင် သို့ သွားရောက်မည့်သူများနည်းပါး
ရသည့် အထဲ ဂျာနယ်များက ဧပြီလလယ်လောက်မှာပင် ဘင်္ဂလားပင်လယ်အော် ဉ်လေဖိအားနည်း ရပ်ဝန်းအစပျိုးနေသည် ဆိုသည့် သတင်းကြောင့် သွားရောက်ရန် စီစဉ် ပြီးထားသူများပင် ခရီးစဉ်
ဖျက်သိမ်းသွားကြောင်း သိရှိရသည်။

ချောင်းသာကမ်းခြေတွင်ဟိုတယ်ဖွင့်လှစ်ထားသူတစ်ဦးက“ဂျာနယ်တွေမှာလေမုန်တိုင်းသတိပေး
ချက် လိုလို ဧပြီလလယ်လောက် ကတည်းက ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းအစပျိုး နေတတ်တယ် ဘာညာနဲ့ ရေးထားတော့ ဘွတ်ကင်လုပ်ထားသူတွေတောင် အဲဒီသတင်း
ဘွတ်ကင်ပြန်ဖျက်သွားတယ်” လို့ Freedom News Group သို့ ပြောသည်။


ငွေဆောင်ကမ်းခြေရှိ နာမည်ကြီး ဟိုတယ်တစ်ခု ၏ မန်နေဂျာဖြစ်သူကလည်း “ကျွန်တော် တို့ ကနာဂစ်ဖြစ်ပြီးတည်းက ဘာမှ လုပ်စားလို့ မရဘူး ဒီရာသီလေးကို အားပြုထားတာအခု သူတို့ ကလျှောက်ရေးတော့ ဧည့်သည်တွေက လန့် ကုန်ပြီူမလာတော့ ဘူးဟုဆိုသည်။

နှစ်စဉ် နှစ်တိုင်း ၀န်ထမ်းများအား ချောင်းသာ အပန်းဖြေခရီး လိုက်ပို့ ပေးလေ့ရှိသည့် ရန်ကုန်မြို့ မှဂျာနယ်တိုက် တစ်ခုမှ ထုတ်ဝေသူ တစ်ဦးကလည်း “ဒီနှစ်တော့ ကလေးတွေကို ရန်ကုန်မှာ လည်ဖို့ ပဲစီစဉ်ပေးထားတယ် မိုးနဲ့ နွားသိုးဆိုတာ အစိုးမရဘူး”ဟုဆိုသည်။

၂၀၀၆ ခုနှစ်ကတိုက်ခတ်ခဲ့သည့် တိုက်ခတ်ခဲ့သည့် မာလာမုန်တိုင်းကြောင့် ချောင်းသာ နှင့် ငွေ ဆောင် တွင် လူအသေအပျောက်ရှိခဲ့သည်။နောက်ပြန်ဆွဲလှိုင်း Rip Tide ကြောင့်လည်းထို ကမ်းခြေများတွင် နှစ်စဉ် လူသေမှုများရှိသည်။