၁၀ ဧပြီ ရန်ကုန်၊ ၊ယူကွန်
စည်ပင် ယာ-အုံ(အင်ဂျင်နီယာဌာန အဆောက်အအုံ) က ရန်ကုန်မြို့ တွင်းရှိ အတာသင်္ကြန်ရေပက်
မဏ္ဍပ်များကို လိုက်လံစစ်ဆေးသည့် အခါ မဏ္ဍပ်တာဝန်ခံများက မဏ္ဍပ်တစ်ခုစီလျှင် ကျပ်ငါးသောင်း ခန့် လက်ဖက်ရည်ဖိုးခေါ်စစ်ဆေးခပေးရသည် ဟုသိရသည်။
ယာ-အုံ ဌာနမှ ခွင့်ပြုချက် ရမှ ရေပိုက်သွယ်တန်းခွင့်ရမည့် အတွက် မဏ္ဍပ်တာဝန်ခံများက မပေးမဖြစ်ပေးရသည်ဟုသိရသည်။အင်းလျှားလမ်းတွင် မဏ္ဍပ် ဆောက်လုပ်နေသူ တစ်ဦးက“မပေးလို့ မရဘူးလေ သူတို့ ရစ်ထားရင် ရေသွယ်လို့ မရဘူး လက်ဖက်ရည်ဖိုးပေးလိုက်ရင်တော့ ဘာပြဿနာမှ မရှိတော့ဘူး ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့် ပြီးတော့ မဏ္ဍပ် အောက်မှာ ရေမ၀ပ်စေ နဲ့ လို့ ပြောသွားတယ် ဒီလောက်ပဲ”ဟု Freedom News Group သို့ ပြောသည်။
စည်ပင် ယာ-အုံ ကဲ့သို့ ပင် နောက်ထပ် မဏ္ဍပ်စစ်ဆေးရေးအဖွဲ့ တစ်ခုမှာ ယခုနှစ်မှ စတင်ဖွဲ့ စည်းသည့် အဖွဲ့ ဖြစ်ပြီး မဏ္ဍပ်များတွင် နိုင်ငံရေးသရုပ်ဖေါ်ပုံ ပါမပါ နှင့် မြန့် မာ့ရိုးရာယဉ်ကျေးမှု နှင့်
ကိုက်ညီခြင်းရှိ မရှိ တို့ ကို စစ်ဆေးခြင်းဖြစ်သည်။
“သူတို့ အဖွဲ့ တွေက မဏ္ဍပ် တွေ မှာ မှုတ်ဆေးဗူးတွေ နဲ့ ဂရပ်ဖီတီ မှုတ်ထားရင် ပြန်ဖျက်ခိုင်းတယ်။
သူတို့ ပြန်သွားတော့လည်း ပြန်မှုတ်တာပဲ ”ဟုလူ ငယ်တစ်ယောက်ကပြောသည်။
၂၀၀၆ ခုနှစ် အင်းလျှားလမ်းတွင် မဏ္ဍပ်ပြိုကျရာမှ နောက်နှစ်များတွင် စစ်ဆေးရေးအဖွဲ့ များပေါ်
လာခြင်းဖြစ်သည်။
