ရိုးမြေကျ ပိတောက်
အောင်ဝေး
ဖွင့်လိုက်တယ်
ပြတင်းပေါက် တစ်ခုလုံး
လင်းထိန်သွားရော။
ရထားတစ်စင်းလုံး
ဟယ်လင် မင်းသမီးချည်းတွေလိုပါပဲလား။
စစ်ကြီးထဲ
အဖေ
စက်ခေါင်းမောင်းတုန်းက
အမေပျိုးခဲ့တဲ့
အပင်တွေ ပေါ့…။
အောင်ဝေး
ဖွင့်လိုက်တယ်
ပြတင်းပေါက် တစ်ခုလုံး
လင်းထိန်သွားရော။
ရထားတစ်စင်းလုံး
ဟယ်လင် မင်းသမီးချည်းတွေလိုပါပဲလား။
စစ်ကြီးထဲ
အဖေ
စက်ခေါင်းမောင်းတုန်းက
အမေပျိုးခဲ့တဲ့
အပင်တွေ ပေါ့…။