၁၁ ဧပြီ ပတ္တယား ထိုင်း၊ ၊Freedom News Group
ဆန္ဒပြသူ များဝင်ရောက် လာချိန် တွင် ထိတ် လန့် နေသော မြန်မာ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် ကို ဦးစားပေးကယ်တင်ရ
အဆောက်အဦ ခေါင်းမိုးပေါ်မှ ရဟတ်ယာဉ် နှစ်စီးဖြင့် နိုင်ငံခေါင်းဆောင် ၁၆ ယောက်
နိုင်ငံခြားရေး ၀န်ကြီး ၁၆ ယောက်တို့ ကို ဦးစားပေးကယ် တင်ချိန် တွင် မြန်မာဝန်ကြီးချုပ် ကို ဦးစားပေး၍ ထိုင်း က ပထ မ ရဟတ်ယာဉ် ဖြင့် ပင် ထည့်ပေးလိုက်ရမိန်းမသား ဖိထစ်ပိုင် ခေါင်းဆောင် အာရို ယိုပင် နောက် အစီးဖြင့် လိုက်ရ
နောက်ဆုံးရသတင်း……….မြန်မာဝန်ကြီးချုပ် သွေးတက်


ပြည်ပရောက် ၀န်ကြီးချုပ်ဟောင်း သက်ဆင်ကို ထောက်ခံသည့် အနီဝတ် များက ၁၄ ကြိမ်မြောက်
အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကျင်းပရာ ထိုင်းနိုင်ငံ ကမ်းခြေမြို့ 
ဖြစ်သည့် ဖတ္တယားတွင် ကျင်းပနေသော ဆွေးနွေးပွဲ ခန်းမသို့  အတားအဆီးများကို ကျော်ဖြတ်ပြီး မှန်များကို ရိုက်ခွဲ ၀င်ရောက်လာသောကြောင့် ၀န်ကြီးချုပ် က အစည်းအဝေး ကိုဖျက်သိမ်းလိုက်ရ
ပြီး ဖတ္တယားတွင် လည်း အရေးပေါ် အခြေအနေ ကြေငြာ လိုက်ရသည် ဟု သတင်းရရှိသည်။
ထိုသို့ အစည်းအဝေး ဖျက်သိမ်းမှုကြောင့် မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် လည်း ခရီးရောက်
မဆိုက်ပင် ပြည်တော် ပြန်ခဲ့ ရသည်။လွန်ခဲ့သည့် နှစ်ရက် ကထိုင်းဝန်ကြီးချုပ် အဘိဆစ်က ဧည့်သည်တော် များ၏လုံ ခြုံရေးအတွက် တာဝန် ယူသည် ဟုဆိုသော် လည်း ယခုဖြစ်ရပ်မှာအစိုးရအတွက် အရှက်တကွဲ အကျိုးနည်းဖြစ်ရသည် ဟု ထိုင်းမီဒီယာများတွင် ဖေါ်ပြထားသည်။
ဆန္ဒပြသူ များက အဘိဆစ် နှုတ်ထွက်ပေးရန် အော်ဟစ်ပြီး ဆွေးနွေးပွဲ ခန်းမထဲ ထိ ၀င်ရောက်လာခဲ့
ကြသည်။အာဏာရှင် ဆန့် ကျင်ရေး ဒီမိုကရေစီ တပ်ပေါင်းစု (UDD)၏ ခေါင်းဆောင် တစ်ဦးဖြစ်သူ
ဂျကယာပေါဘ် ဖန်ခရိုင်ယ က “ဒီအစည်းအဝေး ကို ရပ်တန့် နိုင်ခဲ့ လို့ ငါတို့ နိုင်ပြီ ဆက်ပြီးတော့ အဘိဆစ် မနှုတ်ထွက် မချင်း ဘန် ကောက်မှာ ဆက်ပြီးဆန္ဒပြမယ်” ဟု အေပီ သို့ ပြောသည်။
ဆန္ဒပြသူ များက ဆွန်ခန် ရေသဘင်ပွဲတော် ကျင်းပမည့် နိုင်ငံတော် အားလပ်ရက်များအတွင်းဉ် ပါ
အင်အားထပ် တိုးမြှင့် ၍ ဆန္ဒပြကြ မည်ဟုသိရသည်။
