၁၂ ဧပြီ စင်္ကာပူ၊ ၊Freedom News Group

စင်္ကာပူ ရောက် မြန်မာတို့ ၏ သင်္ကြန်ပွဲ ကို ဧပြီ လ ၁၂ ရက်နေ့ က ပင်နီစူလာ ပလာဇာ အနီးရှိ ပါဒမ်း
ကွင်းပြင်တွင် ကျင်းပခဲ့ရာ ကျိတ်ကျိတ်တိုး စည်ကားသည် ဟု သတင်းရရှိသည်။စင်္ကာပူ ၏ အကြီး
မားဆုံး မြန်မာ သင်္ကြန် ၂၀၀၉ ဟု အမည် တပ်ထားသည့် ထိုပွဲ တော်တွင် ဥက္ကဦးသာ ၏ Plus Three Music Band နှင့် အတူ အဆိုတော် ဇော်ဝမ်း၊ဆောင်းဦးလှိုင်၊၊မျိုးကျော့မြိုင်၊စည်သူလွင်၊ရဲလေး၊ရှင်ဖုန်း နှင့်
ဖြူဖြူ ကျော်သိန်းတို့ သီဆိုဖျော်ဖြေခဲ့ကြသည်။ထိုပွဲ အတွက် စင်္ကာပူ ၁၅ ဒေါ်လာဝင်ကြေးပေး
ဆောင်ရသည်။
နေ့ လည် ၁၂ နာရီမှ ညနေ ၆ နာရီထိ ကျင်းပသော ပွဲတော်တွင် မြန်မာ ရိုးရာမုန့် ပဲ သရေစာများ၊
အမှတ် တရပစ္စည်းများရောင်းချခြင်း နှင့် ဂိမ်းကစားခြင်းများနှင့် အကပြိုင်ပွဲ မျာကို စီစဉ်ထားပြီး ပွဲတော်လာရောက်သူများကလည်း တစ်ဦး နှင့် တစ်ဦး အတာရေပက်ဖျန်းကြကာ ချစ်ခင်မှုရှိ ကြသည် ကိုတွေ့ ရသည်။
ထိုပွဲ အတွက် အဓိက စပွန်ဆာပေးသည့် MAI လေကြောင်းလိုင်း မှ လည်းလေယာဉ် လက်မှတ်များ
ကို မဲဖောက်ပေးသည် ဟုသိရသည်။
်

MAI is not mail sponsor and M1 international communication company is only main sponsor.