၁၂ ဧပြီ ဘန်ကောက် ထိုင်း၊ ၊Freedom News Group


ထိုင်းနိုင်ငံ မြို့ တော်ဘန်ကောက် အပါအ၀င် အခြားခရိုင်ငါးခုထက် မနည်းတွင် အရေးပေါ်အခြေအနေ ထုတ်ပြန်လိုက်လိုက်ကြောင်း ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိဇ္ဖာဇီဝ ကယနေ့ ရုပ်သံမှ ကြေညာ
သည်။
အာဏာရှင် ဆန့် ကျင်ရေးဒီ မိုကရေစီ တပ်ပေါင်းစု ၏ခေါင်းဆောင် များ ကိုဖမ်းဆီးပြီးနောက် ထိုသို့ ကြေညာလိုက် ခြင်းဖြစ်သည်။အရေးပေါ် အခြေအနေ မကြေညာခင် အချိန်အနည်းငယ်ခန့် က ၀န်ကြီးချုပ် စီးလာသောကားကို ဆန္ဒပြသမားများက ပိတ်ဆို့ ထားကာ တိုက်ခိုကသောကြောင့် ရဲကလေ ထဲသို့ သေနတ်ဖြစ်ပစ်ပေါက်ပြီး လူစုခွဲခဲ့ ရသည်။
အရေးပေါ် အခြေအနေ ကြေညာပြီးနောက် မြို့ တွင်းသို့ တင့်ကားများဝင်ရောက် လာခဲ့ပြီး နေရာအနှံတွင် ဖြန့် ကျက်ချထားသည်။ဆန္ဒပြသူများက မူတင့်ကားနှစ်စီးကို သိမ်းပိုက်
ထားနိုင်ခဲ့သည်။
အဝေးရောက် ၀န်ကြီးချုပ်ဟောင်း သက်ဆင်က “ဆန္ဒပြသူ များအတွက် ရွှေရောင် ကာလ ဖြစ်ပြီး
ထိုင်းနိုင်ငံ ကိုထိုင်းပြည် သူများ ဦးဆောင်ရန် အတွက် ဆန္ဒပြသူများ နှင့် ပူးပေါင်းပြီးတော် လှန်ရေးတစ်ရပ် ပေါ်ပေါက် နိုင်ရန် တိုက်တွန်းထားသည်။
မနေ့ ကမူ ဆန္ဒပြသူ များကြောင့် ၁၄ ကြိမ်မြောက် အာဆီယံထိပ် သီးအစည်း အဝေး ပွဲ ကိုဖျက်သိမ်းလိုက်ရသည်။
ဆန္ဒပြသူ များက အဘီဆစ် နှုတ်ထွက်ပေးရန် တောင်းဆိုထားသည်။အဘီဆစ် က လည်းနှုတ်
ထွက် မပေးနိုင် ဟု ပြန်တုံပြန်သည်။
ဆန္ဒပြသူများက ဖမ်းဆီးထားသော ခေါင်းဆောင်များကို ပြန် လွှတ်ပေးရန် တောင်းဆိုခဲ့ပြီး မီးရထား လမ်းတစ်ခု အပါအသင် လမ်းဆုံများ နှင့် အရေးပါသော ကားလမ်းများကို ပိတ်ဆို့ ထား
သည်။
နိုင်ငံရေး အခြေအနေ ခန့် မှန်းသူ များက အခြေအနေ ပို တင်းမာလျှင် စစ်တပ်မှ အာဏာသိမ်းဖွယ် ရှိသည် ဟုပြောကြသည်။
UDD ခေါင်းဆောင် အရိမန် ပွန်ဂရီရန် ဂရောင် ပတ္တယားမှ ဘန်ကောက်သို့ ပြန်လာ ပြီးနောက် ရဲက ဖမ်းဆီးခဲ့သည်။သူအဖမ်း ခံရပြီးနောက် အခြေနေ မှာ ပိုတင်းမာလာသည်။
သက်ဆင် ကို ထောက်ခံသူ အများစု ရှိရာ ထိုင်းနိုင်ငံမြောက် ပိုင်းချင်းမိုင် တွင် မူ ဆွန်ခန် ရေပွဲ တော် ကို ဆင်နွှဲနေကြသလို မြန်မာ ရွှေ့ ပြောင်း အလုပ်သမား အများစု ရှိရာ တခ် ခရိုင် မဲဆောက်
တွင် လည်း ယခုနှစ် မဲဆောက် သင်္ကြန် မှာ စတင်ကျင်းပသည့် ယနေ့ မှာပင် အစည်ကားဆုံးဖြစ်
သည် ဟု ရွှေ့ ပြောင်း အလုပ်သမား တစ်ဦးဖြစ်သူ ကိုမင်းနိုင် ကပြောသည်။
