ထိုင်း ဆွန်ခန် ပွဲတော် အားလပ်ရက် ကို အစိုးရက နှစ်ရက်ထပ်တိုး

၁၄ ဧပြီ  ဘန်ကောက်၊           ၊Freedom News Group
redshirt
ထိုင်းနိုင်ငံ ၏ ဆွန်ခန်ပွဲတော် အားလပ်ရက် ကိုသောကြာနေ့ ၁၇ ရက် ထိ ရက်ထပ်မံတိုးမြှင့်လိုက်
သည် ဟု အစိုးရကပြောရေးဆိုခွင့်ရှိသူ ပဏ္ဏိတ ၀ထ်ထန ယာဂွန်က  ယနေ့ ရုပ်သံမှကြေငြာသည်။
မူလဆွန် ခန် ပွဲတော် အားလပ်ရက်မှာ ဗုဒ္ဓဟူးနေ့  ၁၅ ရက် တွင် ကုန်ဆုံးမည် ဖြစ်သော်လည်း ထိုင်း
နိုင်ငံတွင်း ရှိ အချို့ မြို့ များတွင် အကြမ်းဖက် ဆန္ဒပြမှုကြောင့် အစိုးရ ကထိုသို့ ရက်တိုးမြှင့်လိုက်ခြင်း
ဖြစ်သည်။

ဘဏ် နှင့် ငွေကြေး ဆိုင်ရာဈေးကွက် များကို ကြာသပတေးနေ့ တွင်ပြန်လည်ဖွင့်လှစ်မည် ဖြစ်သော်
လည်းအစိုးရ ၀န်ထမ်းများအတွက် မူ သောကြာနေ့ ထိ နားခွင့်ရမည်ဖြစ်သည်။ထိုင်းရဲ က ၀န်ကြီး
ချုပ်ဟောင်းသက်ဆင် နှင့် UDD ခေါင်းဆောင် ဆယ်သုံးဦးကို ၀ရမ်းထုတ်ပြီးနောက် ထိုကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

အစိုးရ အိမ်တော်ကို ပိတ်ဆို့ ထားသူများမှာ ပြန်လည်ဖယ်ရှားပေး လိုက်ပြီဖြစ်ပြီး ခရီးသည်တင်ကား
များမှာလည်းပုံမှန် အတိုင်းပြေးဆွဲ နေပြီဖြစ်သည်။အနီရောင်ဝတ် တော်လှန်ရေးဟု တင်စားသည့် ထိုင်း ဆန္ဒပြ သမားများမှာ မနေ့ က စစ်တပ်နှင့် ဒေသခံများက နှိမ်နှင်းမှုကြောင့် နှစ်ဦးသေဆုံးပြီး
တစ်ရာနှစ်ဆယ့်သုံး ဦးဒဏ်ရာ ရရှိခဲ့သည်။

ထိုင်းနိုင်ငံတွင်း မငြိမ်မသက် မှုများကြောင့် ထိုင်းနိုင်ငံသို့ လာမည့် ကမ္ဘာလှည့် ခရီးသည် နှစ်သိန်းခန့် ခရီးစဉ် ဖျက်သိမ်းခဲ့သည်။ထင်ရှားသည့် UDD ခေါင်းဆောင်များဖြစ်သည့် Jatuporn Prompan, Nattawut Saikua, Veera Musikapong, Shinawat Haboonpard and Suporn Attawong တရားမ၀င် လူစုဝေးမှု အတွက် ရဲက ၀ရမ်းထုတ်ထားသည်။