ဆွန်ခန် ပွဲတော်ကာလ အတွင်းယာဉ်တိုက်မှု ကြောင့်သေဆုံးသူ ၂၇၂ ဦးနှင့် ဒဏ်ရာရသူ ၃၃၇၅ ဦးရှိ

၁၅ ဧပြီ ချင်းမိုင် ထိုင်း ၊           ၊Freedom News Group

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်တွင် ရေကစားထွက်ကြသူများ
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်တွင် ရေကစားထွက်ကြသူများ

ထိုင်းနိုင်ငံ ဆွန်ခန် ရေသဘင်ပွဲ တော်ကာလအတွင်းမော်တော်ယာဉ် တိုက်မှု ၁၉၅၆ မှုရှိခဲ့ပြီး သေဆုံးသူ သေဆုံးသူ ၂၇၂ ဦးနှင့် ဒဏ်ရာရသူ ၃၃၇၅ ဦးရှိသည် ဟု ပြည်ထဲရေးဌာနမှ အဆင့်မြင့် အရာရှိတစ်ဦး၏ သတင်းထုတ်ပြန်ချက်ကို ကိုးကားပြီးMCOT ရုပ်သံကကြေငြာ ခဲ့သည်။

ယာဉ်တိုက် မှုအများစုမှာ အရက်သေစာ သောက်စားထားခြင်းနှင့် အရှိန်မြှင့်မောင်းနှင်မှုတို့ ကြောင့်
ဖြစ်သည် ဟုသိရသည်။ယာဉ်တိုက်မှုကြောင့် သေဆုံးရမှု အများစုမှာ နိုင်ငံမြောက်ပိုင်း ချင်းမိုင် နှင့်ချင်းရိုင်းတွင်ဖြစ်သည်။

နိုင်ငံမြောက် ပိုင်းရှိ ချင်းမိုင် နှင့် လမ်းဖမ် ဆက်သွယ် ထားသော လမ်းများကို သက်ဆင်ထောက်ခံသူဆန္ဒပြ သမားများက ပိတ်ဆို့ ထားသည်။ဧပြီ လ ၁၃ ရက်နေ့ ကဆန္ဒပြသမားများကို စစ်တပ်က ပစ်ခတ် နှိမ်နှင်းခဲ့ သဖြင့် နှစ်ဦးသေဆုံးခဲ့သည်။