မြန်မာ သင်္ကြန် ယာဉ်တိုက် မှုနှင့် ခိုက်ရန်ဖြစ်ပွားမှု များကြောင့် ထိခိုက်ဒဏ်ရာရ မှု နှင့် သေဆုံးမှုများရှိ

၁၄ ဧပြီ ရန်ကုန်၊            ၊ညွန့် သက်ထားဦး

မြန်မာ သင်္ကြန်အကျနေ့ ဖြစ်သည့် ဒုတိယမြောက်နေ့ တွင် ရန်ကုန်မြို့ တွင် ယာဉ်တိုက်မှု တစ်ရာထက် မနည်းရှိခဲ့ပြီး ရန်ကင်းပြည်ထဲရုံးအနီးရှိ ရန်ကင်း ပိုက်လုံးကြီးခုံးအဆင်းတွင် မူ အရှိန်မထိန်း နိုင်သည့် ဟိုင်းလ(စ်)ကားတစ်စီးက ဆရာစံ လမ်းနှင့် စက်မှု ၁ လမ်းထောင့်ရှိ ပန်းခြံကိုဝင်တိုက်ရာ ထို ကားပေါ်ပါလာ သူ နှစ်ဦး ဒဏ်ရာအပြင်းအထန်ရပြီး ရန်ကင်းစင်တာ အနီးရှိ ပုပ္ပားဆေးခန်းသို့  အရေးပေါ်တင်လိုက်ရသည် ဟု မျက်မြင်တွေ့ ရှိသူများက
Freedom News Group သို့ ပြောသည် ။

တောင်ဥက္ကလာ မီးသတ် အနီးရှိ သစ္စာလမ်းထောင့် ယာဉ်တိုက် မှုမှာ အစိုးရ ရုံးများသုံး E 2000ကားက သင်္ကြန်လည် ပတ်သည့် အမိုးဖြုတ် အဖြုရောင် ပါဘလစ်ကာ ကားကို ၀င်တိုက်ခြင်းဖြစ်ပြီး ပါဘလစ်ကာ ကားပေါ်ပါလာသည့် အမျိုးသမီးတစ်ဦးဒဏ်ရာ အပြင်းအထန်ရသည် ဟု သတင်းရရှိသည်။

မန္တလေး တွင်မူ ယနေ့ ည ရှစ်နာရီခန့် က ညဘက်လျှေက်လည်သည့် စက်မှုဇုန်ထုတ်ဂျစ်ကားတစ်စီး
အရှိန် လွန်၍ ကျုံးဘေးရှိ တရုတ်တန်းဈေးဟောင်း ရထားသံလမ်း အုတ်တံတိုင်းကို ၀င်တိုက်မိရာ ထိုကားပေါ်တွင် လိုက်ပါလာသူ တစ်ဦးသေဆုံးသည် ။

ရန်ကုန် သင်္ကြန် တွင်ခိုက်ရန်ဖြစ်ပွားမှု များရှိရာ ရန်ကုန်-အင်းစိန် လမ်းမကြီးသုခ လမ်းထိပ်ရှိ ခိုက်ရန်ဖြစ်ပွားမှု တွင် ရေပက်ခံကားနှစ်စီးမှ လူငယ်များ လမ်းတစ် လျှောက် အချင်းများလာကြခြင်း
ဖြစ်ပြီး ထိုနေ ရာအရောက် တွင် ကားရပ်၍ ကားပေါ်ပါလာသူများ မှ အသင့်ပါလာသည့် တုတ်များဖြင့် ရိုက်နှက်ကျ ရာ ရပ်ကွက်သားများက ဒန်အိုးများကို တီး၍ တားမြစ်ရသည်။

ယခု နှစ်ရန်ကုန် အတာသင်္ကြန် မှာ စည်ကားမှု ရှိပြီး နေပြည်တော် သင်္ကြန် ကို စည်ကားအောင်ပြု
လုပ်မည် ဟု ဆိုသော်လည်း နေပြည်တော် ၀န်ထမ်း တစ်ဦးက သာမန်မျှ သာဖြစ်သည် ဟုပြောသည်။