၁၅ ဧပြီ မဲဆောက်၊ ၊Freedom News Group

သင်္ကြန်ကာလ မြန်မာ ပန်းခြံ များက ၀င်ကြေး အဆမတန်ကောက်ခံ သော်လည်း ထိုင်းနိုင်ငံရှိ ပန်းခြံများမှာ မည်သည့် အချိန် တွင်မှ အများပြည်သူ အတွက် ၀င်ကြေးမကောက်
ထိုင်းနိုင်ငံမြို့ တော် ဘန်ကောက် အပါအ၀င် အခြားမြို့ များဉ် အရေးပေါ် အခြေအနေ ကြေညာထားမှုကြောင့် ဆွန်ခန် သင်္ကြန်ပွဲတော် ကာ လမှာ သွေးထွက် သံယို များဖြင့်စည် ကားမှု မရှိသော် လည်း မြန်မာ ရွှေ့ ပြောင်း လုပ်သားအများစု ရှိသည့်  ထိုင်း-မြန်မာ နယ်စပ် မြို့ လေးဖြစ်သည့် မဲဆောက်မြို့ မှာ အထူးပင်စည်ကားသည် ဟု သတင်းရရှိသည်။
ဆွန်ခန် အားလပ်ရက် အတွင်း မြန်မာအလုပ်သမားအများစု မှာ စုပေါင်း၍ မော်တော်ကားများငှားကျပြီး မဆောက် မြို့ တောင်ဘက် ဖို့ ဖယား ရှိ နမ်တုန် သဘာဝ ဥယာဉ်ရေတံခွန် နှင့် မဲဆောက်မြို့ မြောက် ဘက်ရှိ မယ်ကဆာ ရေပူစမ်း နှင့် လှိုဏ်ဂူ များဆီသို့ သွားရောက်လည်ပတ်ကြသည်။မဲဆောက် မြို့ တွင်းရှိ စတိုးဆိုင် တစ်ခုမှ မြန်မာ အလုပ်သမားတစ်ဦးကမူ “ကျွန်တော် မဲဆောက် မှာ အလုပ်လာလုပ်တာ ၁၄ နှစ်ရှိ ပြီ ဒီတစ်ခါ အစည်ဆုံးပဲ” ဟု Freedom News Groupသို့ ပြောသည်။
မဲဆောက် သင်္ကြန်သို့  မဲဆောက်မြို့ ရှိမြန်မာ များသာမက ရန်ကုန်၊မော်လမြိုင်၊ဘားအံ၊မြ၀တီ ရှိ
မြန်မာ လူမျိုး များပါ လာရောက် လည်ပတ် သည် ဟုသိရသည်။ရန်ကုန် မြို့ မှ လာရောက်လည်ပတ်သော မိသားစု ကားစီးလုံးငှားအဖွဲ့ ကမူ “ရန်ကုန် မှာ သင်္ကြန် ကျရတာရိုးလာပြီလေ ကားဂိတ်မှာ မဲဆောက်သင်္ကြန် ကားစီစဉ်ပေးတဲ့ ယာဉ် လိုင်းတွေ ပေါ်လာတော့ သားသမီးတွေ လဲရောက်ဖူးတယ်ရှိအောင် ခေါ်လာတာ” ဟုပြောသည်။
မဲဆောက် မြို့ တွင်း လမ်းမများရှိ ရေပက် မဏ္ဍပ် များတွင်လည်း ရေပက်သူ ရေပက်ခံသူများဖြင့်စည်ကားလျှက်ရှိသည်။ ရေပက်ခံ အလည်အပတ်ထွက်သူ များမှာ ကားစုပေါင်းငှားကြပြီးတစ်ဦးလျှင် ကားအမျိုး အစားကို လိုက်၍ ဘတ် ၅၀ မှ ၁၂၀ ထိ ကျသင့်သည် ဟုသိရသည်။
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင် သင်္ကြန် မှာ လည်းစည် ကားမှုရှိပြီး ထိုင်းလူမျိုးများမှာ ခိုက်ရန်ဖြစ်ပွား မှုနည်းကာ ယဉ်ကျေးစွာ ရေပက် ကစားကျခြင်းမှာ အတုယူ ဖွယ်ရာ ထူးခြားမှုတစ်ရပ်ဖြစ်သည်။
ံ
