၁၇ ဧပြီ ဘန်ကောက်၊ ၊Freedom News Group

သက်ဆင် အုပ်စု ကို ဆန့် ကျင်သည့် ထိုင်း နိုင်ငံရေးလှုပ်ရှားမှု အုပ်စု တစ်ခုဖြစ်သည့် People’s Alliance For Democracy ကိုစတင်တည် ထောင်သူနှင့် မီဒီယာလုပ်ငန်းပိုင်ရှင်အသက် ၆၁ နှစ်အရွယ် ရှိ ပီအေဒီ ခေါင်းဆောင် ဆွန်ထိ လင်သောင်ကူး မှာ သောကြာနေ့ မနက် အာရုံ တက် ချိန်က သေနတ်သမားများ၏လုပ်ကြံမှု ဖြစ်ပွားခဲ့ပြီး ဦးခေါင်း နှင့် ခန္တာကို ယ် အနှံ တွင် သေနတ် ဒဏ်ရာများ ရရှိခဲ့ပြီး ဆေးရုံတွင်အတွင်းလူ နာအဖြစ် တက်ရောက်ကုသခံနေ ရသည်။
ယနေ့ အာရုံတက် အချိန် မော်တော်ကားဖြင့် သူပိုင်ဆိုင်သည့် ရုပ်သံဌာန သို့ အသွားလမ်းတွင်
သေနတ် သမား နှစ်ယောက် ကသူ ၏ကားကို M-16 နှင့် AK-47 သေနတ် များဖြင့် ၀ိုင်းဝန်းပစ်
ခတ်ကာ ချုံခို တိုက်ခိုက်ခြင်းဖြစ်သည်ဟု ရဲမှုးတစ်ဦးကပြောသည်။ဆွန်ထိ ၏ ကားမှာ အချက်ပေါင်းများစွာပစ်ခံရပြီး သူ၏ကားမောင်းသူမှာ ဒဏ်ရာပြင်းထန်စွာရသည်။
သေနတ်သမားများက သူ၏ကားဘီးကို စတင်ပစ်ခတ်ပြီးနောက် သေနတ် သမားနှစ် ယောက်မှာမော်တော်ကားကို အချက် ၁၀၀ ကျော် ပစ်ခတ်ခဲ့ကြသည်။
ယခင်က ဖြုတ်ချခံ ထိုင်းဝန်ကြီး ချုပ်ဟောင်း သက်ဆင် နှင့် စီးပွားရေးမဟာမိတ် ဖြစ်သည့် လင်သောင်ကူးမှာ ၂၀၀၅ ခုနှစ် စက်တင်ဘာလ က ပီအေဒီ အဖွဲ့ ကိုစတင်ဖွဲ့ စည်းကာ သက်ဆင် အားဖြုတ်ချရေးအတွက် စတင်ဆော်သြခဲ့သည်။
ဒူဘိုင်း တွင် ခိုလှုံနေသော သက်ဆင် ကို နီကာရာဂွား နိုင်ငံ ကသံတမန် နိုင်ငံ ကူးလက်မှတ် ထုတ်ပေးထားသည်။ ထိုင်းအစိုးရ ကမူ သူ့ ကို နိုင်ငံတကာ ရဲ အဖွဲ့ အင်တာပို သို့ တိုင်ကြားထားပြီးဖမ်းဝရမ်းထုတ် ထားသည်။သက် ဆင် ၏ နိုင်ငံကူးလက် မှတ်ကို ထိုင်းအစိုးရ က ပြီးခဲ့သည့ှ်ဗုဒ္ဓဟူးနေ့ က ပယ်ဖျက်ထားပြီးဖြစ်သည်။
ထိုင်းနိုင်ငံ ရေးကျွမ်းကျင်သူ ကျော်လင်းဦး ၏ ဆွန်ထိ ချောင်းမြောင်းပစ်ခတ်ခံရမှု ပေါ်သုံးသပ်ချက်
ထိုင်း နိုင်ငံရေးမှာ အနီ နဲ့ အ၀ါ ရယ်လို့ အခုမှ သိသာထင်ရှားစွာ မြင်ကြရပေမယ့် နှစ်ပေါင်း တစ်ရာကျော် တည်တံ့နေတဲ့ ထိုင်းဘုရင် စနစ်နဲ့ ဘုရင်စနစ်ကို မလိုလားတဲ့ အုပ်စုတွေအကြား အား ပြိုင်မှု တစ်ရပ်သာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ စည်းမျည်းခံဘုရင်စနစ်ကို စတင်ကျင့်သုံးတဲ့ ၁၉၃၂ ခုနှစ်ကတည်းက ဘုရင်စနစ်ကို ဆန့်ကျင်သူတွေဟာ ပိုမိုရှေ့တန်းရောက်လာပြီး ၁၉၇၀ လွန်နှစ်များမှာတော့ အဲဒီ အုပ်စုဟာ ထိုင်းကွန်မြူနစ်ပါတီအဖြစ်နဲ့ လက်နက်ကိုင်ပြီး ဆန့်ကျင်ခဲ့ပါတယ်။ အဲဒီအုပ်စုဟာ ၁၉၈၀ ရောက်တဲ့အခါ လက်နက်ကိုင် လမ်းစဉ်ကိုစွန့်လွှတ်ပြီး မြေပေါ်ရောက်လာခဲ့ပေမယ့် ဘုရင်စနစ်နဲ့အတူ စစ်တပ်အပါအ၀င် ဗျူရိုကရက်တွေကြီးစိုးတဲ့ ထိုင်းနိုင်ငံရေးစနစ်ကို ပြောင်းပြန်လှန်ဖို့ အကြံအစည်ကို မစွန့်လွှတ်သေးပါဘူး။ ဒီအပေါ်မှာ ၀န်ကြီးချုပ်ဟောင် သက်ဆင်ရှိနာဝပ်က ကောင်းကောင်းအသုံးချပြီး သူ့ လက်လွှတ်ဆုံးရှုံးသွားတဲ့ ရာထူးစည်းစိမ်တွေကို ပြန်လည်ရယူဖို့ကြိုးစားခြင်းသြာ
