ဘီဂျလီ ဟု အမည်ပေးထားသည့် မုန်တိုင်း နောက်ထပ် ၁၂နာရီ အတွင်း မြန်မာနိုင်ငံ အနောက်ပိုင်းသို့ ဝင်ရောက်မည်
၁၇ ဧပြီ ရန်ကုန်၊                   ၊တင်ကျော်ကျော်စိုး
Weather Underground မှ ဆိုင်ကလုံး ဘီဂျလီ လမ်းကြောင်းပြမြေပုံ
Weather Underground မှ ဆိုင်ကလုံး ဘီဂျလီ လမ်းကြောင်းပြမြေပုံ
အိန္ဒိယ နိုင်ငံ ကာလကတ္တားမြို့ အနောက်တောင်ဘက် မိုင် ၃၅၀ နှင့် ၄၀၀ ကြားပင်လယ်ပြင်ကို ဗဟိုပြု  ၍ တိုက်ခတ်နေသော ဆိုင်ကလုန်း မုန်တိုင်း ဘီဂျလီ သည် နောက်ထပ် ၁၂ နာရီ အတွင်း
မြန်မာ နိုင်ငံ အနောက် ဘက်ရှိ ဒေသ များဖြစ်သည့် ရခိုင် ပြည်နယ် မြို့ အချို့ သို့ ဝင်ရောက် တိုက်
ခတ်တော့မည် ဟု အမေရိကန် အမျိုးသား အကာသ သိပ္ပံ ဧဂျင်စီ ၏ ၀ဘ်ဆိုက် တွင် ဖေါ်ပြထားသည်။
ဆိုင်ကလုန်း မုန်တိုင်း ဘီဂျလီသည် အနောက်မြောက်ဘက်ဆီသို့ တဖြည်းဖြည်း ရွှေ့ လျှားလာကာ စနေနေ့ မနက် အစောပိုင်းတွင် ရခိုင်ပြည်နယ်သို့ ဝင်ရောက်တိုက်ခတ်မည် ဖြစ်သည်။ထိုမုန်တိုင်းသည်တစ်နာရီ လျှင် မိုင်၇၅ မိုင်းနှုန်း ဖြင့်ဝင်ရောက် လာမည်ဖြစ်သည်။
ဘီဂျလီ မုန်တိုင်းသည် ယမန်နှစ်က မြန်မာနိုင်ငံ တွင် တိုက်ခတ်သော နာဂစ်မုန်တိုင်း တစ်နှစ်ပြည့်ခါနီးချိန်တွင် ၀င်ရောက်လာသောမုန်တိုင်းဖြစ်ပြီး ရခိုင်ပြည်နယ် မြို့ အချို့တွင် မုန်တိုင်း ကာကွယ်ရေးအစီအစဉ် များကို ဒေသခံများက လုပ်ဆောင်နေကြသည်။
မနှစ် ကတိုက်ခတ်ခဲ့သော နာဂစ် မုန်တိုင်းကြောင့် ရန်ကုန် နှင့် ဧရာဝတီ တိုင်းတို့ တွင် လူတစ်သိန်းလေး သောင်းကျော် သေကြေ ပျောက်ဆုံးခဲ့သည်။
တိုက်ခတ်မည့် သတင်းကို ဖေါ်ပြထားသည်။ အစိုးရ ၏သတိပေးချက် တွင် ငါးဖမ်းလှေ များ ကမ်း
ခြေများတွင်ပင် ရပ်နားထားရန်သတိ ပေးထားပြီး မုန်တိုင်းတိုက်ခတ်စဉ် လှိုင်းအမြင့် မှာ ရခိုင်ကမ်းရိုးတန်း တွင် ၂ မီတာ အမြင့်ရှိမည် ဖြစ်ပြီး ဧရာဝတီ တိုင်းဘက် တွင်မူ ၁မီတာ အမြင့်ရှိမည်ဖြစ်သည်။