နှစ်ဆန်းတစ်ရက် နေ့ ကုသိုလ်ကောင်းမှုပြုသူများဖြင့်စည်ကား မုန်တိုင်းအန္တရာယ် ကင်းပရိတ်တရားတော် များရွတ်ဖတ်ပူဇော်

၁၇ ဧပြီ ရန်ကုန်၊            ၊ယူကွန်

သင်္ကြန် အတက်နေ့ ကရန်ကုန်မြို့ အင်းလျှားလမ်း တွင် ရေပက်ခံ သူများဖြင့်စည်ကားလျှက် ရှိစဉ် ဓာတ်ပုံ-နယူးယောက်တိုင်း(မ်)
သင်္ကြန် အတက်နေ့ ကရန်ကုန်မြို့ အင်းလျှားလမ်း တွင် ရေပက်ခံ သူများဖြင့်စည်ကားလျှက် ရှိစဉ် ဓာတ်ပုံ-နယူးယောက်တိုင်း(မ်)
သန်လျှင်တွင် ထော်လာဂျီ ဖြင့်လည်ကြသူများ ဓာတ်ပုံ-ရွှေအင်းသားခင်မောင်ဝင်း အေပီ
ထော်လာဂျီ ဖြင့်သကြီန်လည်ကြသူများ ဓာတ်ပုံ-ခင်မောင်ဝင်း အေပီ

မြန်မာ နှစ်ဆန်းတစ်ရက် နေ့ တွင် ရန်ကုန်မြို့ တွင်းရှိ တန်ခိုးကြီးဘုရားများဉ် ကောင်းမှုကုသိုလ် ပြုသူ
များဖြင့်စည်ကားလျှက် ရှိသည် ကိုတွေ့ ရသည်။ရွှေတိဂုံ၊ဆူးလေ၊ ဗိုလ်တထောင်၊ ရွှေဘုန်းပွင့်၊ခြောက်ထပ်ကြီးစသည့် ဘုရားစေတီ များတွင် ဘုရားဖူးလာသူ များဖြင့် တိုးမပေါက်အောင် စည်ကားလျှက်ရှိ သည်။

ရွှေဘုန်းပွင့် ဘုရားတွင်မူ ဘုရားဖူးလာသူများကို တစ်နေ့ လုံး စတုဒီသာ ၊မန်ကျဉ်းဖျော်ရည် များဖြင့်
ရေကျော်တွင် နေသူ များက ကုသိုလ်ပြုကျကြောင်းသိရသည်။ရန်ကုန်မြို့ စွန်တွင် နေသူများက အုပ်စုလိုက် ကားစီးလုံးငှားပြီး တစ်နေ ကုန်တန်ခိုးကြီးဘုရား များကို လှည့်လည် ဖူးမျော်ကြသည်။

ဘီဂျလီ မုန်တိုင်း မြန်မာ နိုင်ငံ သို့ ဝင်မည့် သတင်းကြောင့် ရခိုင် နှင့် ဧရာဝတီ တိုင်းမှာ လူများမှာ ထိတ် လန့် တုန်လှုပ်လျှက်ရှိကြသည်။ယနေ့ ဘုရားဖူး လာသူများမှာ မုန်တိုင်းရန်မှ လွတ်ရန် ဆုတောင်း မှုများပြုကြသည် ဟုသိရသည်။

ယနေ့ ညနေ တွင် ရန်ကုန်မြို့ လမ်းများတွင် နှစ်ဆန်းတစ်ရက်နေ့  ပရိတ်တရားတော် များရွတ်ဖတ်ရာ
တွင် လမ်းသူလမ်းသားများ ၏တောင်းဆို ချက် အရ ဘုန်းတော်ကြီးများ က အန္တရာယ် ကင်းပရိတ်
ဂါထာ ပါ အပိုဆောင်း ရွတ်ပေးရသည်။