ဘူးသီးတောင်၊စစ်တွေ ပလက်ဝ နှင့် ကျောက်တော် မြို့ များတွင် မုန်တိုင်းဝင် မြေပြိုမှုများနှင့် လျှပ်စစ် မီးနှင့်ဖုန်းလိုင်းပြတ်တောက် မှုများဖြစ်ပွား

၁၈ ဧပြီ ရန်ကုန်၊           ၊ဟိန်းခိုင်ထွန်း

ဆိုင်ကလုန်း ဘီဂျလီ ၏ အရှိန်ကြောင့် ထိခိုက်ပျက်စီးနိုင်မှုရှိသည့်ဒေသများ
ဆိုင်ကလုန်း ဘီဂျလီ ၏ အရှိန်ကြောင့် ထိခိုက်ပျက်စီးနိုင်မှုရှိသည့်ဒေသများ

ယမန်နေ့ ည အချိန်က စစ်တွေ နှင့် မောင်းတော မြို့ နယ်များတွင် ဘီဂျလီ မုန်တိုင်းစတင် ၀င်ရောက်ပြီးနောက် မိုးစတင်ရွာသွန်းခဲ့ရာ ဧပြီ လ၁၈ ရက် အာရုံတက်ချိန်ခန့် တွင် လေပြင်းမုန်တိုင်း တိုက်ခတ် ပြီးစစ်တွေ မြို့ ရှိ အချို့ အိမ် များမှာ အမိုးလန်ထွက် မှုများပြိုကျမှုများ ဖြစ်ပွားခဲ့သည်။

ဘူးသီးတောင် တွင် မုန်တိုင်းအရှိန်ကြောင့် သစ်ပင်များ ပြိုကျမှု၊အမြစ်မှ ကျွတ်ထွက် မှုများရှိသည်ဟု သတင်းရရှိသည်။စစ်တွေ နှင့် မောင်းတောတွင် မူ လျှပ်စစ်မီး များပြတ်တောက် မှုနေရာအချို့ တွင်ရှိသည်။စစ်တွေ မြို့ သို့ မုန်တိုင်းဝင် ရောင် စဉ် လေတိုက်ခတ်မှု နှုန်းမှာ တစ်နာရီ လျှင် ၅၆ မိုင် (၉၀ ကီလိုမီတာ)ခန့် ရှိသည်ဟုသိရသည်။

ရခိုင်ပြည်နယ် ကျောက်တော် နှင့် ချင်းပြည်နယ် ပလက်ဝ မြို့ များတွင် မြေပြို မှုများရှိသည်။ရန်ကုန်မြို့ တွင် မြန်မာ စံတော်ချန် ညနေ သုံးနာရီ အချိန်ခန့် က လေပြင်းတိုက် ခတ်၍ မိုး အနည်းငယ်ရွာသွန်း ခဲ့သည်။

ဘီဂျလီ မုန်တိုင်းဒဏ်ကြောင့် ဘင်္ဂလားဒေရှ် နိုင်ငံ ကော(စ်)ဘဇား မြို့ တွင် ပျက်စီးဆုံးရှုံးမှုများ
နှင့် လူအသေ အပျောက်ရှိခဲ့သည်။

၂၀၀၇ ခုနှစ် မြန်မာ နိုင်ငံ ရန်ကုန်မြို့ နှင့် ဧရာဝတီ တိုင်းတွင် တိုက်ခတ် ခဲ့သော ဆိုင်ကလုန်းနာဂစ် မုန်တိုင်း ဒဏ်ကြောင့် လူတစ်သိန်းလေးသောင်းခြောက်ထောင် သေဆုံးခဲ့
ကာ လူရှစ်သိန်းကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရပြီး အမေရိကန် ဒေါ်လာ ၁၀ ဘီလျှံ နီးပါးခန့် ဆုံးရှုံးခဲ့
သည်။