
၁၉၃၀ အမေရိကန် စီးပွားရေးပျက် ကပ် ကာလအတွင်းမှာ ထင်ရှားခဲ့တဲ့ နာမည်ကျော် ဘဏ်ဓါး
ပြအဖွဲ့ ခေါင်းဆောင် ဂျွန်ဒလင်ဂါ နဲ့ သူ့ ရဲ့ အပေါင်းအဖေါ် တွေအကြောင်းကိုရိုက် ကူးပြထားတဲ့
ဇာတ်ကားဖြစ်ပါတယ်။
FBI စုံထောက် အဖွဲ့ ခေါင်းဆောင် အက်ဂါး ဟူးဗား က သူ့ ရဲ့ အတော်ဆုံးစုံထောက်တွေ နဲ့ နှိမ်
နှင်း ခဲ့ရတဲ့ ဂျွန်ဒလင်ဂါ ဟာ ဘဏ်ဓါးပြ မှု၊စီးနင်းတိုက် ခိုက်မှု၊ထောင်ဖေါက်မှု၊ပြန်ပေးဆွဲ မှု စတဲ့
အမှု ပေါင်းဆုံနဲ့ အလိုရှိ နေသူ တစ်ဦးဖြစ်ပါတယ်။ သူ့ ကိုနှိမ် နှင်းဖို့ အတွက် အမေရိကန် ရဲ စုံထောက် ဌာန က FBI အဆင့်ထိ တိုးမြှင့်ဖွဲ့ စည်းခဲ့ရတယ် လို့ ဆိုပါတယ်။
အမေရိကန် ပြည်သူ့ ရန်သူ နံပါတ် ၁ လို့ ကြေညာခံရတဲ့ ဂျွန်ဒလင်ဂါ အဲဒီအချိန်က FBI ရဲ့ Clark
Gable of the FBI လို့ တင်စားခံရတဲ့ စုံထောက် မယ်ဗင် ပါးဗစ် ကဘယ်လို နှိမ်နှင်း နိုင်မလဲ ဆိုတာ လာမယ့် ဇူလိုင် လ ၁ ရက်နေ့ ကြရင် ငွေရောင် ပိတ်ကားပေါ် မှာ ရှုစားနိုင်တော့ မှာ ဖြစ်ပါတယ်။
ဂျွန်ဒလင်ဂါ အဖြစ် ဂျွန်နီဒပ် ၊စုံထောက် မယ်ဗင် ပါဗစ် အဖြစ် ခရစ်စတီးယန်း ဘေး(The Dark Knight , The Prestige)၊ အက်ဂါဟူး ဗါးအဖြစ် ဘီလီ ခရပ်ဒပ်၊ဒလင်ဂါ ရဲ့ ချစ်သူ အဖြစ် မာရီ
ယွန် ကော်တီလဒ် တို့ က သရုပ်ဆောင် ထားပါတယ်။
ဒီဇာတ်ကားကို ဒါရိုက်တာ မိုက်ကယ် မန်းက ရိုက်ကူးထားပါတယ်။နာမည်ကျော် မင်းသားနှစ်
ယောက်ရဲ့ သိမ်မွေ့ ပြင်းရှတဲ့သရုပ်ဆောင် ချက်တွေ ကိုတွေ့ ရမှာပါ။
