စစ်ကိုင်းတိုင်း နှင့် ကချင်ပြည်နယ်တွင် အာဏာပိုင်များ ရေကစားရန် ကုန်ကျစရိတ်အတွက် ပြည်သူများက ငွေကြေးထည့်ဝင်ရ

၂၀ ဧပြီ မန္တလေး၊                ၊တင်ကျော်ကျော်စိုး

သင်္ကြန်အတက်နေ့ ကန်တော်ကြီးကန်ပတ်လမ်း ချတ်ထရီယံ ဟိုတယ်အနီးရှိ Air Bagan မဏ္ဍပ် ဓာတ်ပုံ-ဟိန်းခိုင်ထွန်း
သင်္ကြန်အတက်နေ့ ကန်တော်ကြီးကန်ပတ်လမ်း ချတ်ထရီယံ ဟိုတယ်အနီးရှိ Air Bagan မဏ္ဍပ် ဓာတ်ပုံ-ဟိန်းခိုင်ထွန်း

ကချင်ပြည်နယ် ဗန်းမော်မြို့ နယ်၊
မိုးညှင်း၊ဟိုပင် နှင့် စစ်ကိုင်းတိုင်း မြင်းမူ
နှင့်ချောင်းဦး မြို့ နယ်များတွင် အာဏာပိုင်များ
မြို့ နယ် မဏ္ဍပ်များဆောက် လုပ်ရန် နှင့်
စတုဒီသာ အလှုလုပ်ရန် ဒေသခံပြည်သူများဆီက
ငွေကြေးအဓမ္မကောက်ခံမှုများ ရှိခဲ့ကြောင်း စုံစမ်း
သိရှိရသည်။

စစ်ကိုင်းတိုင်းမြင်းမူမြို့ နယ်တွင် အာဏာပိုင်များက
မြို့ နယ် မဏ္ဍပ် ဆောက်လုပ်ရန် အတွက် စီးပွားရေး
လုပ်ငန်းရှင် ဆိုလျှင် ၅၀၀၀ ကျပ်နှင့် အထက် ထည့်
ဝင်ရသည် ဟုသိရသည်။ဗန်းမော်

မြို့ နယ်တွင် မူ တစ်အိမ်ထောင်လျှင် ၁၀၀၀ ကျပ် အနည်းဆုံးထည့်ရသည်။

ဗန်းမော် မြို့နယ်မှ လက်ဖက်ရည်ဆိုင် ပိုင်ရှင် တစ်ဦးက “ကျွန်တော်က လက်ဖက်ရည်ဆိုင်ဖွင့်လို့ 
၃၀၀၀ ထည့်ရတယ် ။မဏ္ဍပ်ဆောက် တာလုပ်အားလည်းပေးရတယ်။သင်္ကြန်ရေပက် တော့မဏ္ဍပ်
မှာ မ၀တ နဲ့ ရဲစခန်းက သားသမီးတွေ ချဉ်းပဲ ဟု Freedom News Group သို့ ပြောသည်။

မိုးညှင်း နှင့် ဟိုပင် တွင်မူ ပိုက်ဆံ မထည့် နိုင်သော အိမ်ထောင်စု များက မဏ္ဍပ် နှင့် ဖျော်ဖြေရေး
စင်များဆောက် ရန် မ၀တ ဥက္ကဌ က လုပ်အားပေးခိုင်းသည်။