၂၀ ဧပြီ တီဟီရန်၊ ၊အေပီ

အမေရိကန် အမျိုးသမီး သတင်းထောက် တစ်ဦးကို အီရန် နိုင်ငံ ကသူလျှိုလုပ်သည် ဟု စွပ်စွဲ
ချက်ဖြင့် အီရန် နိုင်ငံ က ဧပြီလ ၁၈ ရက် နေ့ ထောင်ဒဏ် ရှစ်နှစ်ချမှတ်ခဲ့ရာ အိုဘားမား ကပြန်
လွှတ်ပေးဖို့ တောင်းဆိုသည်။
အသက် ၃၁ နှစ် အရွယ်ရှိ ရိုဆန်နာ ဆာဘာရီ မှာ National Public Radio နှင့် BBC သတင်း
ဌာန အတွက် အီရန် နိုင်ငံမှ သတင်းများကို ရေးသားပေးပို့ နေသူဖြစ်သည်။ သူမ၏ ဖခင်မှာ အီရန်
လူမျိုးတစ်ယောက် ဖြစ်ပြီး ဆာဘာရီမှာ အမေရိကန် နိုင်ငံ မြောက်ဒါကိုတာ တွင် မွေးဖွားကြီးပြင်း
ခဲ့သူဖြစ်သည်။
ဆာဘာရီမှာ အီရန် နိုင်ငံတွင်း သတင်းထောက် အဖြစ်တာဝန်ထမ်းဆောင် နေသည်မှာ ခြောက်
နှစခန့်ရှိပြီ ဖြစ်ပြီး ပြီးခဲ့သည့် ဇန်န၀ါရီလ က ဖမ်းဆီးခံရခြင်းဖြစ်သည်။လူ့ အခွင့်အရေးအဖွဲ့ များက ပြန်လွှတ်ပေးရန် တောင်းဆိုထားပြီး ပါရီအခြေစိုက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ကလည်း အီရန် နိုင်ငံတွင် လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့် ဆိတ်သုဉ်းကြောင်း အထင်အရှား ပြလိုက် သည့် ဖြစ်ရပ် ဟုဆိုသည်။
သမီးဖြစ်သူ အား ထောင်ဒဏ်ချမှတ်သည့် တရားခွင်သို့ လာရောက်ခွင့် မပြုဟု ဆာဘာရီ ၏ဖခင်ဖြစ်သူ အမေရိကန် တွင် နေထိုင်သော အီရန် နိုင်ငံဖွား ရီဇာ ဆာဘာရီက သတင်းဌာန များသို့ ပြောသည်။
အမေရိကန် နှင့် အီရန် သံတမန် ဆက်ဆံရေးမှာ ၁၉၇၉ ခုနှစ် အီရန်တော်လှန်ရေး ဖြစ်ပွားချိန်မှ စ၍ ပြတ်တောက်သွားခဲ့သည်။ အိုဘားမား အစိုးရ တက်လာချိန် တွင် အီရန်-အမေရိကန် ဆက်ဆံရေး ပြန်လည်ကောင်းမွန်ရန် ကြိုးပမ်းခဲ့သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ရိုဟမ် ကလင်တန် ကမူ အီရန် တွင် အဖမ်းခံရသော သတင်းထောက် ပြန်လည် လွတ်မြာက်ရေး အတွက် အီရန်တွင် ဖွင့်လှစ်ထားသော ဆွစ်ဇာလန်
သံရုံး၏အကူ အညီ ကို ရယူမည် ဟုဆိသည်။
သူမ၏ ဖခင်ဖြစ်သူ ရိုက်တာ သတင်းဌာန သို့ပြောပြချက် အရ ရိုဆန်နာ ဆာဘာရီ မှာ ၁၉၉၇
ခုနှစ်က ဒါကိုတာ မယ်အဖြစ် အရွေးခံရပြီး အီရန်ပြည်သူ များ၏ ဘ၀နှင့် ယဉ်ကျေးမှုကိုလေ့
လာရန် အီရန်သို့ သွားပြီး ယခုနှစ် တွင် အမေရိကန် သို့ ပြန်လာတော့မည် ဟုဆိုသည်။
