တစ်ကမ္ဘာလုံးစိတ် ၀င်စားစေခဲ့သော ဗြိတိသျှ သတင်းစာ ၏ လုပ်ကြံသတင်းကြီးကို ဖွင့်ချလိုက်ပြီ

၂၁ ဧပြီ လန်ဒန်၊              ၊ဘီဘီစီ

မွမ်ဘိုင်းဟိုတယ် တွင် အာရပ်သူဌေးယောင်ဆောင် ထားသော သတင်းထောက် နှစ်ယောက်(မျက်နှာ ပိတ်ထားသူ)နှင့် အတူတွေ့ ရသော Slumdog ကလေးငယ် နှင့် အတူတွေ့ ရသော သူ့ ဖခင် နှင့်ဦးလေး
မွမ်ဘိုင်းဟိုတယ် တွင် အာရပ်သူဌေးယောင်ဆောင် ထားသော သတင်းထောက် နှစ်ယောက်(မျက်နှာ ပိတ်ထားသူ)နှင့် အတူတွေ့ ရသော Slumdog ကလေးငယ် နှင့် အတူတွေ့ ရသော သူ့ ဖခင် နှင့်ဦးလေး

ဗြိတိသျှ နာမည် ကျော် သတင်းစာ News of the World သတင်းစာမှ သတင်းထောက် တစ်ဦးက အာရပ် သူဌေးတစ်ဦးယောင် ဆောင်ပြီး အော်စကာဆုရ Slumdog Millionaire
ဇာတ်ကားမှ ကလေး အဖေ နှင့် တွေ့ ဆုံကာ ကလေးကို မွေးစားရန် ၀ယ်လိုကြောင်းဆွေးနွေး ပြီးနောက် ၎င်းတို့ ၏ သတင်းစာ တွင် ကလေးကိုရောင်းစားသော
အဖေ ဟု သတင်းလုပ် ဖေါ်ပြမှု ဖြစ်ပွားခဲ့သည်။

Slumdog Millionaire ဇာတ်ကားတွင် လာတီကာ ကလေးဘ၀ အဖြစ်သရုပ်ဆောင် သည့်
အသက် ၉ နှစ် အရွယ် ရူဘီနာ အလီ ၏ ဖခင်ဖြစ်သူ ရာဖစ် ကွာရှီ နှင့် News of the World မှ ဒူဘိုင်း သူဌေး ဟန်ဆောင် ထားသည့် သတင်းထောက် တို့ မှာ မွမ်ဘိုင်းရှိ ဟိုတယ် တစ်ခု တွင် လျို့ဝှက် တွေ့ ဆုံပြီး ကလေးကို မွေးစားခွင့် အတွက် စနေနေ့ ကဆွေးနွေးခဲ့ကြသည်။

အာရပ်သူဌေး ယောင်ဆောင် ထားသည့် သတင်းထောက် နှင့် တွေ့ ဆုံရာတွင် ရာဖစ်က စတာလင် ပေါင် နှစ်သောင်း(ဒေါ်လာ ၂၉၂.၀၀၀)ပေးရန် တောင်းဆိုခဲ့သည်။ကနဦးစတွေ့
စဉ် က အာရပ်သူဌေး တစ်ဖြစ်လဲ သတင်းထောက် က ကလေးကို မွေးစားခွင့်ပြုမည်
ဆိုလျှင် ပေါင် ၅၀ ၀၀၀ ပေးမည် ဟု ကမ်းလှမ်းခဲ့သည်။
ထိုသို့ တွေ့ ဆုံရာတွင် အင်္ဂလိပ် စကား ကောင်းမွန် စွာပြောနိုင်သည့် ရာဖစ် ၏ယောက် ဖဖြစ်သူ ရာဂျန် မိုး လည်း ပါသည် ဟု သတင်းစာတွင် ဖေါ်ပြထားသည်။News of The World သတင်းစာတွင် ရာဖစ် တို့ သားအဖ နှစ်ဦးနှင့် အာရပ် သူဌေးယောင် ဆောင် ထား
သောသတင်းထောက် တို့ တွေ့ ဆုံနေပုံ ကို ဖေါ်ပြထားသည်။

BBC သတင်းဌာန မှ ရာဖစ် ကို ဆက်သွယ် မေးမြန်းရာ တွင် “ကျွန်တော့် သမီးကရောင်းဖို့ မဟုတ် ဘူး အဲဒီလူ ကျွန်တော် သမီးကို ငွေပေးပြီး မွေးစားဖို့ ဆွေးနွေးကတည်း က ကျွန်တော် အဲဒီ ဟိုတယ် မသွားတော့ဘူး” ဟုပြောသည်။
သတင်းထောက် နှင့် ရာဖစ် တို့ သည် ကြာသပတေး နေ့ မှ သောကြာနေ့ ထိ ဟိုတယ်တွင် သုံးကြိမ် တွေ့ ဆုံခဲ့သည် ဟု ဆိုသည်။

တနင်္ဂနွေ နေ့ မနက် မိုးလင်းတွင် သူ့ သမီးကို ရောင်းချရန် ကြိုးစားသည် ဟု စွပ်စွဲ ထားသော သူ့ သတင်းပါလာ သဖြင့် အရမ်းအံသြ ရသည် ဟု ရာဖစ်က BBC ကိုပြော
သည်။ကျွန်တော့် သတင်းပါလာ ကတည်းက လက်ကိုင်ဖုန်းကို ပိတ်ထားရတယ် ဟု ရာဖစ်ကပြောသည်။ ရာဖစ် က သူတို့ ၏ ဆင်းရဲ မွဲတေမှု ကို မီဒီယာတွေ က ယခုကဲ့သို့ သတင်းလုပ် ကာ ပျက်ရယ်ပြု နိုင်ခြင်းကို အံ့သြရသည် ဟုဆိုသည်။

ထိုသတင်းကြောင့် အိမ်နီးနားချင်း များက ရာဖစ် ကို အထင် သေးသကဲ့သို့  ရဲ နှင့် ဒေသခံ
ကလေး စောင့်ရှောက်ရေး အဖွဲ့ များကလည်း ရာဖစ် ကို စစ်မေးလျှက် ရှိသည်။

ဗြိတိသျှ သတင်းစာ များသည် သတင်းထူး သတင်းဦးရရှိ ရန် နည်းမျိုးဆုံ သုံးတတ်ကြသည်။လွန် ခဲ့ သည့် သုံးနှစ် နီးပါးကလည်း သတင်းထောက် တစ်ဦးက ပရီးမီးယားလိဂ် ဘောလုံး သမားတစ်ဦး ကို လျှို့ဝှက် တွေ့ ဆုံ ကာ အာရပ် ကလပ် တစ်ခု
သို့ ထိုဘောလုံးသမား ပြောင်းတော့ မည် ဖြစ်ကြောင်း သတင်းလုပ် ဖေါ်ပြခဲ့ဖူးသည်။