အဘီဆစ် က ဇွန်လတွင် တို့လို့တန်းလန်း အာဆီယံ အစည်း အဝေးကို ပြန်လုပ်မည်ဟုပြော မြေအောက် ဆင်းသွားသည့် အနီဝတ် ခေါင်းဆောင် ဂျာကရာပေါဒ် က လက်စမသတ်ရသေးသော တော်လှန်ရေးကို ပြန်စမည် ဟုဆို

၂၁ ဧပြီ ဘန်ကောက်၊                ၊Freedom News Group

အာဆီယံ ဆွေးနွေးပွဲ ကို စီးနင်းရန် အမိန့် ပေးခဲ့သူUDD ခေါင်းဆောင် ဂျာကရာပေါဒ်  (AP Photo/Apichart Weerawong)
အာဆီယံ ဆွေးနွေးပွဲ ကို စီးနင်းရန် အမိန့် ပေးခဲ့သူUDD ခေါင်းဆောင် ဂျာကရာပေါဒ် (AP Photo/Apichart Weerawong)

အက်ဒမန်ပင် လယ်ပြင် ကြီးကိုမေးတင် လျှက်ရှိသော ထိုင်းနိုင်ငံ ဖူးခက် ကမ်းခြေအပန်းဖြေစခန်းမြို့ တွင် ဇွန်လဉ် ရွှေ့ဆိုင်းခဲ့သော အာဆီယံ အစည်းအဝေးကြီး ပြန်စမည် ဟု ထိုင်းဝန်ကြီးချုပ် အဘီဆစ် က ယနေ့ သတင်းထောက်များကို ပြောသည်။

ဧပြီလ ၁၁ ရက် နေ့ က အာဆီယံ ထိပ်သီး အစည်းအဝေးကို ထိုင်းနိုင်ငံ ပတ္တယား တွင် ကျင်းပနေစဉ်UDD ဟုခေါ်သည့် အာဏာရှင် ဆန့် ကျင်ရေး ဒီမိုကရေစီ တပ်ဦး နှင့် ထိပ်တိုက် တွေ့ ပြီး ဆွေးနွေးပွဲကို အရေးပေါ်ဖျက် သိမ်းခဲ့ရသည်။

အဘိဆစ် က လာမည့် ဖူးခက် ဆွေးနွေးပွဲတွင် မိတ်ဆွေ နိုင်ငံ များမှ ဧည့်သည်တော် များ၏ လုံခြုံ
ရေးအတွက် အာမခံပါသည် ဟု ထပ်လောင်းပြောသည်။

ဘန်ကောက် တွင် ကသောင်းကနင်းဖြစ်ပြီး အရေးပေါ်အခြေအနေ ထုတ်ကတည်းက မြေအောက်ဆင်းပြီးတော်လှန်ရေး ကို ဆက်လက် ဦးဆောင် နေသော ထင်ရှားသည့် အနီဝတ် ခေါင်းဆောင်ဂျာကရာ ပေါဒ် ကလည်း လာမည့် ရက်အနည်းငယ် အတွင်း အစိုးရ ဆန့် ကျင်ရေး ဆန္ဒပြပွဲ များပြန်လည် ပေါ်ထွက်လာတော့ မည်ဟု ဆိုသည်။

ဂျာကရာ ပေါဒ် သည် တိမ်းရှောင် နေစဉ် အတွင်း မီဒီယာ များ နှင့် တယ်လီဖုန်း အင်တာဗျူးများပြုလုပ်ကာ ဆန္ဒပြမှု များတကျော့ ပြန် ပေါ်ပေါက်ရေးအတွက် လှုံဆော်သည်။

UDD ခေါင်းဆောင် ဂျာကရာ ပေါဒ် သည် ဘေးကင်းလုံ ခြုံ ရာတွင် နေရပြီး သူ့ လုံခြုံရေး အတွက် ဘယ်လောက် ကြာကြာနေ ရအုံးမည် မသိ ဟု အင် တာဗျူးတစ် ခုတွင် ပြောသည်။

ထင်ရှားသော UDD ခေါင်းဆောင် အချို့ မှာ ဖမ်းဆီးထိန်းသိမ်းခံထားရသည်။ဂျာကရာ ပေါဒ် သည်ဒူဘိုင်းတွင် နေသော ၀န်ကြီးချုပ် ဟောင်းသက်ဆင် နှင့် အဆက်အသွယ်ရှိသည်။ဂျာကရာ ပေါဒ် ကအင်တာဗျူးတစ် ခု တွင် PAD ခေါင်းဆောင် ဆွန်ထိ လင်သောင်ကူးလုပ်ကြံခံရ
ခြင်းသည် စစ်တပ် ကို အ၀ါ ၀တ် များ နှင့် ဝေးဝေး နေရန် အချက်ပြလိုက်ခြင်းဖြစ်သည် ဟု
သူက ဆိုသည်။

ဂျာကရာ ပေါဒ် သည် သက်ဆင်အစိုးရ လက်ထက် ပြောခွင့်ရ ပုဂ္ဂိုလ်ဖြစ်သည်။

ထိုင်းနိုင်ငံ အတွင်းရှိ ခရိုင်ငါးခု တွင် ထုတ်ပြန်ထားသော အရေးပေါ် အခြေအနေ များကို အဘီဆစ် ကပြန်လည် ရုပ်သိမ်းခြင်း မရှိသေးချေ။