ကမ်းရိုးတန်းထောင်များမှ နိုင်ငံရေး အကျဉ်းသားများ သဘာဝဘေးအန္တရာယ် ဖြစ်လျှင် ကြမ္မာငင် မည့် အရေး ၎င်းတို့ ၏ မိသားစု ၀င်များစိုးရိမ်

၂၂ ဧပြီ ရန်ကုန်၊                ၊တင်ကျော်ကျော်စိုး

သင်္ကြန် အပြီးဘီဂျလီ မုန်တိုင်း ရခိုင် ပြည်နယ်သို့ ဝင်ရောက် မည်ဆိုသောကြောင့် ရခိုင်ပြည်နယ် ဒေသခံ များသာ စိုးရိမ်ပူပန် မှု ရောက်ရသည် မဟုတ်ပဲ ထိုဒေသမှ ထောင်များတွင် ယုံကြည်ချက်
ကြောင့်အကျဉ်းကျ ခံနေရသည့် နိုင်ငံရေး အကျဉ်းသား မိသားစု ၀င်များပါ စိုးရိမ်သော ကရောက်
ရသည် ဟု ဆိုသည်။

ဘူးသီးတောင် ထောင်တွင်း အကျဉ်း ကျခံနေရသည့် ၂၀၀ရ မျိုးဆက် ကျောင်းသားလှုပ်ရှားမှု ဦး
ဆောင်သူ တစ်ဦးဖြစ်သည့် ကိုစည်သူမောင် ၏ မိသားစု ၀င်တစ် ဦးက “မနှစ်က မုန်တိုင်း ၀င်တုန်းက အင်းစိန် ထောင် မှာ ပြစ်သတ် တယ်လေ။ အန်တီ စိုးရိမ်တာက စည်သူမောင် အပါအ၀င် အကျဉ်းသား အားလုံး ကျန်းကျန်းမာမာ ရှိပါစေလို ဆုတောင်းလိုက်ရတာ။မုန်တိုင်းကြမ်း လို့ တစ်ခုခုဖြစ်ရင်သူ တို့ မှာပြေးစရာ မြေမှ မရှိတာ အခန်းထဲ တွေမှာ အာဏာပိုင် တွေ ကပိတ်ထားတော့ အကုန်သေကုန် မှာ ”ဟု Freedom News Group သို့ ပြောသည်။

မုန်တိုင်း ၀င်ရောက် သည့် အချိန် က စစ်တွေထောင် ၊ဘူးသီးတောင် ထောင် ၊သံတွဲ ထောင် နှင့် ကျောက်ဖြူ ထောင်များတွင် အကျဉ်းကျ ခံနေ ရသည့် သူ ဆွေမျိုးသားချင်းများ မှာ ရတက် မအေးဖြစ်ကြရသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်ထောင်၌ ထောင်ဒဏ် ၇၉ နှစ်ကျခံရသူ ရှမ်းပြည် အဖွဲ့ ဝင်  ဦးထွန်းညိနှင့် နီးစပ်သူ တစ်ဦးက “နိုင်ငံရေး အကျဉ်းသားတွေ ကို မလွှတ်ပေး ဘူးဆိုရင် တောင် မှ အခု လိုဘေး အန္တရာယ် များတဲ့ ကမ်းရိုးတန်း ထောင် တွေ မှာ မထား ဖို့ ”မေတ္တာရပ် ခံ ချင်ပါတယ် ”ဟုပြောသည်။

မြန်မာ နိုင်ငံ အောက် ပိုင်းရှိ ကမ်းရိုးတန်း ထောင် တစ်ခု ဖြစ်သော ကော့သောင်း ထောင် တွင် လူငယ် မျိုးဆက် သစ် အစည်းအရုံး ခေါင်းဆောင် တစ်ဦးဖြစ်သူ ရက်(ပ) အဆိုတော် ဇေယျာသော် ရှိသည်။ကျောက် ဖြူ ထောင် တွင် ရှိ သော Generation Wave အဖွဲ့ ဝင်
အကာ ဘို ၏ မိခင် မှာ လည်း မုန်တိုင်း ၀င်လျှင် မသေကောင်း မပျောက် ကောင်း ကျန်ခဲ့လျှင်
တောင် မှာ မုန်တိုင်းကြောင့် အကျဉ်းသားများ ရေ နှင့် စားနပ် ရိက္ခာ အခက်အခဲ ဖြစ်နိုင် သည်ဟု
ပြောသည်။

မြန်မာ နိုင်ငံရှိ ထောင်များမှာ သဘာ ၀ ဘေးအန္တရာယ် ဖြစ်လျှင် အကျဉ်းသားများကို အဆောင်
များ တိုက် များထဲတွင် သော့ခတ်ပိတ် ထားပြီးထောင် အာ ဏာပိုင်များက ဘေး လွတ်ရာ သို့ 
ရှောင် နေကြသည်။

၂၀၀၈ ခုနှစ် နိုဝင် ဘာလတွင် စစ်အစိုးရက နိုင်ငံရေးလှုပ်ရှားသူ များကို ထောင်ဒဏ် နှစ်ရှည် ချမှတ်ပြီး ဝေလံခေါင် သီသော ထောင်များသို့ ပြောင်းရွှေ့ကာ ထောင် ၀င်စာပုံမှန် တွေ့ ပေးခြင်း
မရှိဘဲ ထားရှိ ခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ ဖိနှိပ် မှု များပြုလုပ်ခဲ့သည်။