ဆားတောင်သူများ ကြုံနေ ရသည့် ဒုက္ခ(သတင်း ဓာတ်ပုံ)

မတ်လလည် ကတည်းက အခါမဲ့ ရွာသောမိုးကြောင့် နေလှန်းဆားကွင်းများ ပျက်စီးဆုံးရှုံးသွားရာ နာဂစ် ဒဏ်မှ နာလန်ပင်မထနိုင်သေးသည့် ဧရာဝတီတိုင်းမှ ဆားချက်သူများ ဖြေမဆည် နိုင်ရှိခဲ့ရသည်။ တစ်ခါ မြန်မာ နှစ်သစ်ဦး တွင် အဖျားခတ်သွားသော မုန်တိုင်း ဘီဂျလီ ၏ အရှိန်ကြောင့် ရှိစုမဲ့စု နေလှန်းဆားပုံများလည်း ပျက်စီးခဲ့ရသည်။ ပုံမှာ ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းရှိ ဆားလုပ် ငန်းခွင်ပုံဖြစ်သည်။(AP Photo/Khin Maung Win)