၂၃ ဧပြီ ဘန်ကောက်၊ ၊Freedom News Group

ပတ္တယား တွင် ကျင်းပသည့် အာဆီယံ စည်းဝေးပွဲ ပျက် ကတည်း ကထုတ်ပြန်ထားသည့် အရေးပေါ်အခြေအနေ ကို ထိုင်းဝန်ကြီးချုပ် အဘိဆစ် က ဧပြီလ ၂၄ ရက် သောကြာနေ့  နံနက် ၁ နာရီ တွင် ပြန်လည် ရုပ်သိမ်းခဲ့သည်။ ထိုအမိန့် ကို ဧပြီ လ ၁၂ ရက် နေ့ ကတည်း က ဘန်ကောက် အပါအ၀င် ခရိုင် ငါးခု တွင် ထုတ်ပြန် ထားခြင်းဖြစ်သည်။
ဝန်ကြီးချုပ်ဟောင်းသက်ဆင် လိုလားသည့် အနီဝတ် များ ၏ ဆူပူ ဆန္ဒပြမှုကြောင့် အရေးပေါ်အခြေအနေ ထုတ်ပြန်ရခြင်းဖြစ်သည်။ထို ဆန္ဒပြ မှု များကို အဘီဆစ် က လုပ်ပိုင်ခွင့် အာဏာ အပြည့် အ၀ သုံးပြီး နှိမ်နှင်းခဲ့ရာ လူ ၂ ဦး သေဆုံးပြီး ၁၂၃ ဦးဒဏ် ရာရရှိသည်။

အဘီ ဆစ်က ထိုသို့ အရေးပေါ် အခြေအနေ မရုသိမ်းခင် အချိန် အတွင်းမှာ ပင် အာရပ်
စော်ဘွားများပြည် ထောင်စု တွင် ခြေကုပ် ယူ၍ ထိုင်း နိုင်ငံ ရေး ကို လှုပ် နေသော သက်ဆင်မှာ အာဖရိက တိုက် လိုင်ဘေးရီး ယား နိုင်ငံ သို့ ထွက် ပြေးသွားပြီ ဖြစ်သည်။
ထိုင်း အစိုးရ ဖမ်းဝရမ်းထုတ် ထားပြီးသက်ဆင် ၏ နိုင်ငံ ကူး လက်မှတ် ကို ဖျက် သိမ်းခဲ့သော်လည်းနီကာရာဂွာ နိုင်ငံ က သူ့အား သံတမန် နိုင်ငံကူးလက် မှတ်ထုတ်ပေးခဲ့သည် ။
ယခင် အပတ် ကလုပ်ကြံခံရသည့် ဘေးမှ လွတ်မြောက်ခဲ့သည့် PAD ခေါင်းဆောင် နှင့် မီဒီယာ သူဌေးကြီး ဆွန်ထိ လင်သောင်ကူး လုပ်ကြံခံရခြင်း အတွင် အဓိက ကြိုးကိုင်သူ မှာ သက်ဆင် ဖြစ်သည် ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ်က စွပ်စွဲထားသည်။
ဆွန်ထိ အားလုပ်ကြံ ရာတွင်အသုံးပြုသော သေနတ် ကျဉ် ဆံ များမှာ ထိုင်း စစ်ဒေသ ၁ အမှတ်
၉ ခြေလျှင် တပ်ရင်း မှ စစ်သားများ သေနတ်ပစ် လေ့ ကျင့်ရာ တွင် အသုံးပြုသော ကျဉ် ဆံများ
ဖြစ်သည် ဆိုခြင်းကြောင့် ထိုင်းနိုင်ငံ ရေးမှာ ပိုမို ရှုပ်ထွေးလျှက် ရှိသည်။
ထိုင်းအနီဝတ် ခေါင်းဆောင် တစ်ဦးဖြစ်သူ ဂျာကရာပေါဒ်က မူ ဆမာဆခန် မှ နေ၍ လှုပ်ရှားမှု
ပြန်စမည် ဟု ယနေ့ သတင်းထုတ်ပြန်သည်။
ကြည်းတပ် စစ်ဦးစီးချုပ် အနုပေါင် က မူ ထိုကိစ္စ ကိုအဖြစ်မှန် ပေါ်ပေါက် အောင် စုံစမ်းပေးမည်
ဟုအာမခံသည်။
ထိုင်း နိုင်ငံ တွင်း မငြိမ်မသက် မှုများကြောင့် နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားများ လာရောက်မှု ကျဆင်းပြီး တိုင်းပြည်ဝင် ငွေ အနည်း ဆုံး အမေရိကန် ဒေါ်လာ ၁.၅ ဘီလျှံ ထိ
ဆုံးရှုံးခဲသည်။
