ဝမ်းရောဂါကြောင့် ရန်ကုန်တွင် သရက်သီး၊မုန့်ဟင်းခါး မစားရ အမိန့် ထုတ်

၂၃ ဧပြီ ရန်ကုန်၊             ၊ညွှန့် သက်ထားဦး

သရက်သီးရောင်းချသူ များအရှုံးပေါ်သည့် နှစ် ဓာတ်ပုံ-R ALERT
သရက်သီးရောင်းချသူ များအရှုံးပေါ်သည့် နှစ် ဓာတ်ပုံ-R ALERT

ဝမ်းပျက် ၀မ်းလျှော ရောဂါ ကြောင့် လူ အသေအပျောက် ရှိခဲ့ သော မြို့ တော်ဟောင်း ရန်ကုန်တွင် ရန်ကုန် တိုင်းစစ်ဌာန ချုပ် နှင့် စည်ပင် တို့ ပူးပေါင်းပြီး ၀မ်းနူးစေသော သစ်သီးဝလံ နှင့် စားသောက်ဖွယ်ရာ များရောင်းချ ခြင်းမပြု ရ ဟု ယနေ့ မနက် အစောပိုင်း ကတည်း က စည်ပင် နှင့် စစ်ကားများပေါ်တွင် အသံချဲ့ စက် များ တင်၍ လိုက်လံကြေညာနေသည်။

ဝမ်းပျက် ၀မ်းလျှော ရောဂါ နှင့် ပတ်သက်၍ အစိုးရက သတင်းလည်း မထုတ် ပြန် သလို လိုအပ်သည့် ဆေးဝါးစောင့် ရှောက် မှုများ စီမံပေးမှုမရှိသေးချေ။ ယနေ့ မနက် အစောပိုင်းက
မြောက် ဥက္ကလာ ဈ ဈေး အနီးတွင် စည်ပင် ကားများဖြင့် သရက်သီး၊နာနတ်သီး၊ ကနစိုသီး စသည့်အသီး အနှံ များကို ရှောင် ကြည် ရန် နှင့် မုန့် ဟင်းခါး ၊အသုတ်၊သရက် ချဉ် ၊ချဉ် ဖတ်စသည့်  စားစရာ များကို လည်း ရောင်းဝယ် ဖောက် ကားခြင်း နှင့် ရောင်းချ စားသောက် ခြင်းမ ပြုရန် တားမြစ် ကြေညာသွားသည်။

ဝမ်းရောဂါ စတင် ဖြစ်ပွားသော ဒေါပုံတွင် သရက် သီးနှင့် မုန့် ဟင်းခါး ရောင်းချလျှင်  စည်ပင် က
သိမ်းပြီး ရဲက ဖမ်းဆီး၍ အချုပ် ထဲထည့်သည်။

ဒေါပုံ ၀ါဆို လမ်း ရှိ မုန့် ဟင်းခါး ဆိုင် တစ်ဆိုင် ကို စည်ပင် ရဲ က ၀င်စီးရာမှ မနေ့  က ရုံးသွားခါနီး
မုန့် ဟင်းခါး စားနေသူ များနှင့် ပြဿနာ ဖြစ်ပွားသည်။

မြောက် ဥက္ကလာ ခြောက် ကွေ့ ရှိ သရက် သီး ရောင်းချသူ တစ်ဦး က“မနှစ် က နာဂစ် မွှေသွားလို့ ဒီတစ်နွေ အပြတ်ချ လိုက် မယ်လို့ အားခဲပြီး ငါးသိန်း လောက် ရင်းထားတာ အခုဆိုင် တောင် မဖွင့်ရဲဘူး”ဟု ညည်းတွားသည်။

ဒဂုံမြို့သစ်ကူး ကြိုးတံတား အနီးတွင် မုန့်ဟင်းခါးရောင်းသူ မစန်းဌေးက မူ “ကလေးတွေ ကျောင်းအပ်ရတော့ မယ့် အချိန် နီးလာပြီ မုန့် ဟင်းခါးမရောင်းရရင် ကျောင်း အပ်ဖို့ ပိုက်ဆံ မရှိတော့ဘူး ဟုပြောသည်။

ဝမ်းရောဂါ မှာ ယခုလဆန်းပိုင်းကတည်း က သာကေတ မြို့ နယ်တွင် စတင် ဖြစ်ပွားပြီး ယခုအခါ
သန်လျှင်၊ကျေက်တန်း၊ ဒေါပုံ ၊သင်္ကန်းကျွန်း နှင့် မြောက်ဥက္ကလာပ မြို့ များတွင် ဖြစ်ပွားနေသည်။