ငါးနှစ်ကြာ အချိန်ယူခဲ့ရသည့် အမ်မီနမ် ၏ ဆဌမ မြောက်အယ်(လ)ဘမ်သစ် Relapse

တားမြစ် မူးယစ်ဆေးဝါးများဖြင့် အယ်(လ)ဘမ် ကာဗာ Art work ဖန်တီးထားသော အမ်မီနမ် ၏ အယ်(လ)ဘမ်သစ် ဓာတ်ပုံ-Twitter
တားမြစ် မူးယစ်ဆေးဝါးများဖြင့် အယ်(လ)ဘမ် ကာဗာ Art work ဖန်တီးထားသော အမ်မီနမ် ၏ အယ်(လ)ဘမ်သစ် ဓာတ်ပုံ-Twitter

၂၀၀၄ ခုနှစ် က Encore အမည်ရှိ  အယ်(လ)ဘမ် ကို ထုတ်ဝေခဲ့ပြီး နောက် ရက်(ပ) အဆိုတော်
အမ်မီ နမ်သည် သူ၏ ဆဌမ မြောက် ဆင်ဂဲလ် အယ်(လ)ဘမ် ဖြစ်သော Relapse အမည်ရှိ အယ်(လ)ဘမ် ကို မေ လ ၁၅ ရက် နေ့ တွင် ထုတ်ဝေဖြန့် ချိမည် ဟု သတင်းထုတ်ပြန်သည်။

တားမြစ်မူးယစ်ဆေးဝါးများဖြင့် အနုပညာ ဒီဇိုင်းဖန် တီးထားသော Relapse အယ်(လ)ဘမ်ကာဗာကို ဧပြီလ ၂၁ ရက် နေ့ က လူသုံးများသော Twitter ၀ဘ်ဆိုတ် မှ တစ်ဆင့်ပရိသတ် သို့ အသိပေးခဲ့သည်။အမေရိကန် ဒီဇိုင်းနာ နှင့် အနူပညာရှင် Edgy ဆွဲပေးထားသော ထို ဒီဇိုင်းမှာ လူကြိုက် များမှုလည်းရှိ သကဲ့ သို့ အငြင်းပွားမှု လည်း ရှိနေသည်။

၁၉၉၆ ခုနှစ်က ပွဲဦးထွက် အယ်(လ)ဘမ် Infinite ကိုထုတ်ဝေခဲ့သည်။၂၀၀၀ ပြည့်နှစ်က ထုတ်ဝေသော တတိယမြောက် အ(လ)ဘမ် The Marshall Mathers အယ်(လ)ဘမ် မှာ ဂရမ်မီဆုရ ပြီးလူကြိုက် များသည်။

ထိုအယ်(လ)ဘမ်ထဲမှ Real Slim Shady နှင့် ဗြိတိသျှ အဆိုတော် Dido နှင့် တွဲဆို ထားသော Stan သီချင်းမှ လူကြိုက် များသည်။

Relapse အယ်(လ)ဘမ် အတွက်ပရိုဂျူ ဆာမှာ Dr Dre ဖြစ်သည်။အယ်(လ)ဘမ်အတွက် 50 Cent ,D 12 , Stat Quo ,Dr Dre တို့ က featuring သီဆိုပေးထားသည်။Relapse အယ်(လ)
ဘမ်မှာ သီချင်း ၂၅ ပုဒ်ပါ နှစ်ချပ်တွဲ ဖြစ်ပြီး ဒုတိယမြောက် အယ်(လ)ဘမ် Relapse 2 ကို ယခု
နှစ်ကုန် ပိုင်းတွင် ဖြန့် ချိမည် ဖြစ်သည်။

မေ လ ၁၅ ရက် နေ့ တွင် အသစ် ထွက် ရှိမည့် ရက်(ပ) အဆိုတော် အမ်မီနမ် ၏ Relapse အမည်ရှိအယ်(လ)ဘမ်သစ်မှ ဒုတိယမြောက် ထွက်ရှိလာ သော We Made You အမည်ရှိ single ဖြစ်သည် ။ ဖေဖေါ်ဝါရီ လ က ပထမ ဆုံးဆင်ဂဲလ်  အယ(လ်)ဘမ် Crack a Bottle) ကိုဖြန့် ချိခဲ့သည်။

ဧပြီ လ ၇ ရက် နေ့ က ထွက် ရှိလာသည့် ဆင်ဂဲ လ် အယ်(လ)ဘမ် We Made You မှာ
Old School Hip Hop နှင့် ဒစ်စ ကို စတိုင် ဖမ်းထားပြီး အေမီ ၀ိုင်ဟောက်(စ်) ၊ဂျက်ဆီ ကာအယ်ဘာ ၊ ကင်ကာ ဒီရှီယန်း အပါအ၀င် နာမည် ကြီးများကို သရော် ထားပြီး ပြီးခဲ့သည့် ရွေး
ကောက် ပွဲတွင် ဒု သမ္မတလောင်းအဖြစ် ၀င်ရောက် ယှဉ်ပြိုင် ခဲ့သည့် ဆာရာ ပါလင်းကို လည်း လှောင် ပြောင် ထားသည်။

We made you ဂီတ ဗီဒီယို ဤနေရာ တွင် ကြည့်ရှု နိုင်ပါသည်