၂၅ ဧပြီ ရန်ကုန်၊ ၊ယူကွန်

ဧပြီ လဆန်းမှ စတင်ခဲ့သည့် ထိုင်းနိုင်ငံ တွင်း မငြိမ်မသက် မှုများ၏ ဂယက်ကြောင့် မြန်မာ နိုင်ငံသို့ 
ကမ္ဘာ လှည့်ခရီးသွား ၀င်ရောက် မှု မှာ သိသိသာသာ နည်းသွားကြောင်း Sun Far ခရီးသွားလာရေး
ဧဂျင်စီ မှ ၀န်ထမ်းတစ်ဦးက Freedom News Group သို့ ပြောသည်။
ထိုင်းနိုင်ငံ တွင် အနီဝတ် ဆန္ဒပြ သူများကြောင့် ထိုင်းနိုင်ငံ သို့ လာရောက်မည့် ကမ္ဘာလှည့် ခရီး သည် များ ၎င်းတို့ ၏ အစီအစဉ် များကို ဖျက်သိမ်းခဲ့သည်။ကမ္ဘာ လှည့်ခရီးသွားများ အစီအစဉ် ဖျက်သိမ်းမှု ကြောင့် အမေရိကန် ဒေါ်လာ ၆ ဘီလျှံ ထိုင်း ဘတ်ငွေ ၁၉၀ ဘီလျှံ ခန့် ဆုံးရှုံးခဲ့ သည် ဟု အစိုးရ ပြောခွင့် ရပုဂ္ဂိုလ် ၀ချရာ ကာနီကာ က သတင်းထုတ်ပြန်သည်။
ထိုင်းနိုင်သို့ လာရောက် လည်ပတ်ရန် ဖျက်သိမ်းခဲ့သည့် ခရီး သည် များတွင် အချို့မှာ မြန်မာ နိုင်ငံ သို့ခရီးဆက်မည့် သူများဖြစ်သည်။မြန်မာ နိုင်ငံ သို့ လာရောက် လည်ပတ်သော ကမ္ဘာလှည့် ခရီးသွားများ ၏ ၇၀ ရာခိုင်နှုန်းမှာ ထိုင်းနိုင်ငံမှ တစ်ဆင့် လာခြင်းဖြစ်သည်။
Sun Far ခရီးသွားလာ ရေးဧဂျင်စီ မှ ၀န်ထမ်းက “မြန်မာ သင်္ကြန် လာလည် ဖို့ စာရင်းပေးပြီးထားတဲ့
တူးရစ်တွေ အခု ထိုင်းမှာ ဖြစ်နေ တဲ့ ပြဿနာ တွေကြောင့် မလာ နိုင်တော့ဘူးလို့ အကြောင်းပြန်တယ်” ဟု ဆိုသည်။
ကမ္ဘာ့ စီးပွားရေး ပျက်ကပ် ကြောင့် ယခု နှစ်ဆန်း ပိုင်းကတည်း က ကမ္ဘာ လှည့် ခရီးသည် များ မြန်မာ နိုင်ငံသို့ ဝင်ရောက် မှု နည်းသွား သည် ဟု ဇန်န၀ါရီလ က ရိုက်တာ သတင်းတစ်ရပ် တွင် ဖေါ်
ပြထားသည်။
ထိုင်းနိုင်ငံ တွင် မငြိမ်မသက် မှုများကြောင့် ကမ္ဘာလှည့် ခရီးသည် ၀င်ရောက် မှု ၃၅ ရာခိုင်နှုန်းကျ
ဆင်းခဲ့သည်။
