ငြိမ်းချမ်းငြိမ်း
(မိုးမခ အင်တာနက် စာမျက်နှာမှကူးယူဖေါ်ပြသည်)

ယနေ့ ထုတ် မြန်မာ့ အလင်း သတင်းစာ တွင် ဆောင်းပါးရှင် ကိုကြီး (ငွေဇင် ယော်) က “စလောင်းတို့ ဗန်းတို့ ရောင်းတန်းက ရပ်ချိန် တန်ကြပြီ ” ဆိုသည့် နိုင်ငံတကာ ရုပ်သံလိုင်းကြည့်
ရှုမှု ဆန့် ကျင်ရေးဆောင်းပါးကြောင့် ရန်ကုန် မြို့ သားများ နှင့် စလောင်းတပ် ဆင် ရေးဈေးကွက်
တွင် လှုပ်ခတ် သွားခဲ့ရသည်။
အိမ်နီး ချင်းထိုင်းနိုင် ငံ နှင့် နိုင်ငံတကာ တွင် မငြိမ် မသက် မှု များကို မြန်မာတို့  ဂြိုလ်တု ရုပ်သံလိုင်း
များမှ တွေ့ ခွင့် ရသော အခါ “အစိုးရ ဆိုတာ လှုပ်လျှင် ပြုတ်သည် ” ဆို သည့် အတွေးအခေါ် မျိုး
ရုပ်သံ လိုင်းများမှ တစ်ဆင့် ပြည်သူ တို့ ၏ နှလုံး သဲပွတ် ထဲ တွင် ကိန်းဝပ် သွားမှာ ကို စစ်ဗိုလ် ချုပ်များ အလွန်ကြောက်ပုံ ရ၏ ။
မြန်မာပြည် သူများကို မသိမိုးလင်း မသိမိုးချုပ် ဖြင့် သာ နေစေချင် သည့် စစ်အုပ်စု ဗိုလ်ချုပ်များက
အင်တာ နက် ကွန်ယက် ခွင် ကို မည်ကာ မတ္တံ့ သာပေး ထားသကဲ့ သို့  ယခု လည်း ပြည်သူတို့ ၏
ဘ၀ အမောများ ကို ဖျေဖြောက် ပေးနိုင်သော အရာ ဖြစ်သည့် သက်မဲ့ စလောင်းများကို သက်ရှိ ဗိုလ်
ချုပ် များက အညှိုးထားလေ သောအခါ…………..
အိမ်ခေါင်းမိုး ပေါ်မှ စလောင်းများက နိုင်ငံရေး ဖီဆန်မှု ၏ သင်္ကေတ တစ်ခု ဖြစ်လာပြီး ထိုစလောင်း
များရှိနေခြင်းသည် စစ်အစိုးရ ကို တိတ်ဆိတ်စွာ ဆန့် ကျင် ကန့် ကွက် မှု ၏ အပြောင် မြောက်ဆုံး
သင်္ကေတာ တစ်ခု ဖြစ်သွား ပြီလား ဟု မေးစရာရှိ လာသည်။
နေပြည်တော် မှ ဗိုလ်ချုပ် ကြီးများက မူ ပြည်သူ ပြည်သား များကို ကမ္ဘာ နှင့် အဆက် အသွယ် ဖြတ်လို့ ရနိုင်သလောက် ဖြတ်မည် ဟု သံဓိဌာန် ချပြီး ဖြစ်သည်။
ပြည်သူ များကလည်း စလောင်းတပ်ဆင်ခြင်းသည် စစ်အစိုးရအား အသံတိတ် တိုက်တိုက် ပွဲ ၀င်နေခြင်း ဟု မကြောငြာသော ဆုံးဖြတ် ချက်တစ်ခု ကို ချထားပြီးပုံ ရသည်။

သိချင်လို့ 