၂၆ ဧပြီ ပါရီ၊ ၊French Press

အော်စကာ ဆုကဲ့ သို့ ပင် ရုပ်ရှင် ၀ါသနာအိုးများ
စိတ်ဝင်စားကြသည့် ကန်း(စ)ရုပ်ရှင်ပွဲတော် ကို
မေလ ၁၃ ရက် နေ့ မှ ၂၄ ရက်နေ့ ထိ ပြင်သစ်နိုင်ငံ
တောင်ပိုင်း မြို့ တစ်ခုဖြစ် သော ကန်း(စ)မြို့ တွင်
ကျင်းပတော့ မည်ဖြစ်သည်။ ယခုနှစ် ကန်း(စ)ရုပ်ရှင်
ပွဲတော်မှာ၆၂ ကြိမ်မြောက်ဖြစ်သည်။
၆၂ ကြိမ်မြောက်ကန်း(စ) ရုပ်ရှင်ပွဲတော် ၏ ပြိုင်ပွဲဝင်
မည့် ဇာတ်ကားများတွင် နာမည်ကျော် ဒါရိုက်တာများ လက်စွမ်းပြထားသည့် ဇာတ်ကားများပါ ၀င်နေခြင်း
ကြောင့် ပရိသတ် စိတ်ဝင်စားမှုမြင့် တက်နေ သည်ဟု ပြင်သစ် သတင်းစာ Le Monde တွင် ဖေါ်ပြထားသည်။
အော်စကာဆု ရ ဒါရိုက်တာအန်းလီ ၊The Piano ဇာတ်ကား၏ ဒါရိုက်တာဖြစ်သည့် ကန်း(စ)ရုပ်
ရုင် ပွဲတော်တွင် ဆုရ အမျိုးသမီး ဒါရိုက်တာ ဂျိန်း ချန်ပီယံ၊ကွာတင် တာရန်တီ နို၊ကိုရိးယား ဒါရိုက်
တာ ပတ်(ခ)ချန်ဝုခ် စသည့် ဒါရိုက်တာ များ၏ ဇာတ်ကားများ ပါဝင်နေသဖြင့် ယခုနှစ် ပါ
ဝင်ယှဉ် ပြိုင်ပြသမည့် ဇာတ်ကားများမှာ ဆုအတွက် အားလုံးထိုက် တန် နေသည့် ဇာတ်ကားများ
ဖြစ်သည်။
ရုပ်ရှင်ပွဲတော် တွင် ပါဝင်ယှဉ် ပြိုင်ပြသမည့် ဇာတ်ကားများ အနက် ဒုတိယ ကမ္ဘာစစ် နောက်ခံ
ဇာတ်ကားဖြစ်သည့် Inglorious Bestards ဇာတ်ကားကို ရိုက်ကူးခဲ့သူ ကွာတင်တာရန် တီနို ၏
ဇာတ်ကားတွင် ဘရက်ပစ် ပါဝင်သရုပ်ဆောင် ထားသည်။
ကန်း(စ)ရုပ်ရှင်ပွဲတော် တွင်ပြင်သစ် မင်းသမီး အစ္စဘယ်လာ ဟူးပတ်က ဂျူရီ လူကြီးဥက္ကဌ
အဖြစ် တာဝန် ယူမည်ဖြစ်ပြီး တရုတ်မင်းသမီး ရှုကြည် နှင့် ရောဘင်ရိုက်ပန်း တို့ လည်း ဂျူရီ
အဖွဲ့ တွင် ပါဝင်ပြသမည်။
ပွဲတော် ကို ဒစ်စနေ ပီဇာ ကုမ္ပဏီ မှ Animation ဇာတ်ကား UP ဖြင့် ဖွင့် လှစ်မည် ဖြစ်ပြီး
နယ်သာ လန် ဇာတ်ကား Coco Chanel and Igor Stravinsky ဖြင့်ပိတ်သိမ်းမည် ဖြစ်သည်။
ကန်း(စ)ရုပ်ရှင်ပွဲတော် ဇာတ်ကား ထရေလာများကို ဤနေရာတွင် ကြည့်ရှုနိုင်သည်။
- A l’origine (by Xavier Giannoli)
- Antichrist (by Lars von Trier)
- Bright Star (by Jane Campion)
- Fish Tank (by Andrea Arnold)
- Inglourious Basterds (by Quentin Tarantino)
- Kinatai (by Brillante Mendoza)
- Looking for Eric (by Ken Loach)
- Les Herbes folles (by Alain Resnais)
- Los Abrazos Rotos (by Pedro Almodovar)
- Map of the Sound of Tokyo (by Isabel Coixet)
- Un prophète (by Jacques Audiard)
- Soudain le vide (by Gaspar Noe)
- Spring Fever (by Lou Ye)
- Taking Woodstock (by Ang Lee)
- Thirst (by Park Chan-Wook)
- The Time That Remains (by Elia Suleiman)
- Vengeance (by Johnnie To)
- Vincere (by Marco Bellocchio)
- Visages (by Tsai Ming-Liang)
- The White Ribbon (by Michael Haneke)
