၂၇ ဧပြီ မန္တလေး၊ ၊ညွန့် သက်ထားဦး

မန္တလေး မြို့ သူမြို့ သားများ နှစ်၁၅၀ ပြည့်တွင်ပျော်ပျော် ပါးပါး ပါဝင်နိုင်ရန် တင်ဆက်ထားသောအစီအစဉ် တစ်ခု ကို အာဏာပိုင် တို့ က တားမြစ်မှု ကြောင့် ပွဲတော်ဖြစ်မြောက်ရေး ကော်မတီ အနေဖြင့် စိတ်ပျက်ရသည် ဟု ကျင်းပရေးကော်မတီ မှ တာဝန်ရှိသူ တစ်ဦးက Freedom News Group သို့ ပြောသည်။
ပွဲတော် ကျင်းပရေးတာဝန်ရှိ သူများက အများပြည်သူများပါ ပါဝင်ဆင်နွှဲနိုင်ရန် ထည့်သွင်းထားသည့်“အောက်မေ့ဘွယ် မန္တလေး ”အမည်ရှိ ၀ါသနာရှင် ပရိသတ်များက စင်ပေါ်တက်၍ မန္တလေး နှင့် ပတ်သက်သော ကျပမ်းသရုပ်ဆောင် မှု အစီအစဉ် ကို ဧပြီလ ၂၄ ရက်နေ့ က တိုင်းမှုးကထည့်သွင်းခြင်းမပြုရန် တားမြစ်လိုက်သည် ဟုသိရသည်။
“မန္တလေး နှစ် ၁၅၀ ပြည့် အစီအစဉ် တွင် တင် ဆက်မည့် အစီအစဉ်များ အတွက် အာဏာပိုင် များသို့ တင်ပြရပြီး ၎င်းတို့ ဆီမှ ခွင့်ပြုချက်ရရန်လိုသည်”ဟု ပွဲကျင်းပရေးတာဝန်ရှိသူ တစ်ဦး ကပြောသည်။
ရတနာပုံ မန္တလေး မြို့တည်နန်းတည် နှစ်(၁၅၀)ပြည့်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ၂၀၀၉ခုနှစ် မေလ ၁၄ရက် နံနက်ပိုင်းတွင် ၂၆လမ်း၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံး မျက်နှာစာရှိ ဗဟိုမဏ္ဍပ် တွင်ကျင်းပမည် ဟုသိရသည်။
ဖွင့်ပွဲ နေ့ တွင် မြို့တည် နန်းတည် မင်းတုန်းမင်းတရားကြီး ရုပ်တု ဖွင့်လှစ်ခြင်း နှင့် လူအင်အား တစ်ထောင် ကျော်ခန့် ရှိ စည်တော်ကြီး နှစ်ခုနှင့် အတူ ထွက်တော် မူဝင်း ခင်း ကျင်းပွဲများပါဝင်မည်ဟုသိရသည်။
မန္တလေး နှစ် ၁၅၀ ပြည့်ပွဲ အတွက် မန္တလေး စည်ပင်မှ အလှုငွေ သိန်း ၁၅၀ သာထည့်ခြင်း အပေါ်လည်း မန်းလေး သားတို့ က ဝေဖန်ပြောဆို မှုများထွက်ပေါ်နေသည်။ ပိုက်ကျုံးရပ် တွင်
နေသော လုပ်ငန်းရှင် တစ်ဦးက “စည်ပင် သင်္ကြန်မဏ္ဍပ် တစ်ခုတည်းကို သိန်း သုံးရာလောက်ဓ
အကုန်ခံသွား တယ်၊ နှစ်၁၅၀ ပြည့်ကျတော့ သိန်း၁၅၀ ပဲထည့်တယ် ဘာလုပ်ရမှာလဲ အခွန်ကျတော့ နင်းခံကောက် ပြီးတော့ ”ဟု မကျေမနပ် ပြောဆိုသွားသည်။
ရတနာ ပုံ မြို့ တည် နန်းတည် နှစ် ၁၅၀ ပြည့် အကြိုအဖြစ် မေလ ၁ ရက်မှ ၃ ရက်နေ့ ထိ အမျိုးသား ဇာတ်ရုံကြီးတွင် “မန္တလေး အနုပညာ ပုံရိပ်ပွဲ တော်” စင်တင်ပြဇာတ်ကို ကို မန္တလေး
မြို့ မတူရိယာ အသင်းကြီး ၊အကယ်ဒမီ စိန် မွတ္တား နှင့် မြို့ တော် မောင်ယဉ်အောင် တို့ က ကြီးမှုး
တင်ဆက်မည် ဖြစ်သည်။
မန္တလေး သားအနုပညာရှင် များကလည်း ပူးပေါင်းပါဝင် မည့်  ရတနာပုံ နှစ် ၁၅၀ အတွက် အာဏာပိုင်များက လုပ်ငန်းရှင် သူဌေးများ ဆီမှ ငွေကြေးကောက်ခံ မှုများပြုသော် လည်း မည်
သည့် ထိုငွေများကို မည်သည့် နေရာတွင် သုံးမည် ဟု ရှင်းရှင်းလင်းလင်းပြော ဆိုခြင်းမရှိချေ။
မန္တလေး နှစ် ၁၅၀ ပြည့် ပွဲတော်တွင် ဖွင့်လှစ်ရောင်းချမည့် ဆိုင်ခန်း ပါမစ်များ အတွက် မူမန်း
လေးစည်ပင် က ဈေးနှုန်း သတ်မှတ်၍ ချပေးသည် ဟုသိရသည်။
မန်းလေး ကြံ့ဖွတ် ကလည်း ပွဲတော်တွင် ၎င်းတို့ ၏ ရံပုံငွေ အတွက် ဈေးဆိုင်ခန်းများ ဖွင့် လှစ်ခြင်း ၀င်ကြေးပေး ဇာတ်ရုံ များတည်ဆောက်ခြင်းတို့ ကို ပြုလုပ်မည် ဖြစ်သည်။
မဟာ သက္ကရာဇ် ၁၂၂၁ ခရစ် သက္ကရာဇ် ၁၈၅၉ ခုနှစ် တွင် ကုန်းဘောင်မင်းဆက် မင်းတုန်းမင်း မင်းတုန်းမင်းက မန္တလေး မြို့နှင့် နန်းကို ကို စတင် တည်ထောင်ခဲ့သည်။
မန္တလေး နန်းတော် မတည်ဆောက်မှီ ထိုနေရာ တွင် ရှမ်းနှင့် မြန်မာ အများစု နေထိုင်သော ထီးပေါင်း ကားဆိုသည့် ရွာကလေးရှိ ပြီးထို နေရာမှာ မန္တလေး ၏ ဘူမိနက် သန်ဖြစ်သည်။
္ဌ
