
သဘောင်္မာလိန် မှုး ဦးခင်မောင်လေး နှင့် ကက(ကြည်း) မှ ဗိုလ်မှုးချူပ် ကျော်ဝင်း၏ သမီးဦး ဖြစ်သူဒေါ်အေးအေးဝင်း ခေါ် မြတ်သီရီခင် ကိုသတ် ဖြတ်ပြီး နောက် တပ်ပြေးအဖြစ် ပြည်လမ်းရှိ ထိုင်းလူမျိုး တစ်ဦး ဖွင့်လှစ်ထား သော Summer Palace ဟိုတယ် တွင် တိမ်းရှောင်နေသောမင်္ဂလာဒုံလေတပ် စခန်းမှ ဗိုလ်ကြီးဖုန်းဇော် အေး ကို အတာ သင်္ကြန် အကြတ်နေ့ က ကမာရွတ်ရဲစခန်း မှ ဟိုတယ် တွင် ဖမ်းဆီး ရမိသည် ဟု သတင်းရရှိ သည်။
ကမာရွတ် ရဲစခန်းမှ သတင်းအရ ဖမ်းဆီးရမိခြင်း မဟုတ်ပဲ မတ်လ ၂၉ ရက်နေ့ တည်းက ဟိုတယ် တွင် လာရောက် တည်းခိုနေစဉ် ဧပြီ လ ၈ ရက်နေ့ မှစ၍ နောက်ပိုင်းအခန်း ခများကို မရှင်းပေးခြင်း၊အခန်းသို့ မှာယူ သည့် အစားအသောက် နှင့် အဖျော်ယမကာ ဘေ များကိုမရှင်းခြင်းကြောင့် ဟိုတယ် မန်နေဂျာက ကမာရွတ် ရဲစခန်းသို့ ဖုန်းဆက် အကြောင်းကြားရာမှ ဖမ်းဆီးရမိခြင်း ဖြစ်သည်။
ကမာရွတ် ရဲစခန်းမှ ဒုရဲအုပ် အောင်ကိုဦး နှင့် အဖွဲ့ ရောက်ရှိ လာပြီး နောက် အခန်းတံခါးကို ချိုး
ဖျက်ဝင် ရောက်စဉ် ဖုန်းဇော်အေး မှ ပြတင်းပေါက် တံခါးကို ချိုးဖျက် ၍ ခုန်ချသွား သော်လည်း
ဟိုတယ်ဝင်း အတွင်းရှိ ကာရစ်ဘီယံ ဘား အနီးတွင် ဟိုတယ် လုံ ခြုံရေးများ ကဖမ်းဆီးရမိသည် သိရသည်။
မင်္ဂလာ ဒုံလေတပ် စခန်း မှ လူသတ်မှု ကျူးလွန် သူ ဗိုလ်ကြီးဖုန်းဇော်အေး ကို ဖမ်းဆီးရမိသည့်
ကိစ္စ နှင့် ပတ်သက်၍ သတင်းအချက် အလက် အတိအကျ ရရှိထားသော် လည်း စာပေစီစစ်ရေး နှင့် အလွမ်းသင့်သည့် ဂျာနယ်များတွင် ရေးခွင့် ဖေါ်ပြခွင့်မရ ဟုသိရသည်။
ပြည်တွင်း မှုခင်း သတင်းဂျာနယ် အယ်ဒီတာ တစ်ဦး ကမူ “အဓိက တော့ စစ်တပ်အရာရှိ သမီး
တစ်ဦး အသတ်ခံရတာ ရယ် သတ်သူကလည်းစစ်တပ် အရာရှိ တစ်ဦး ဖြစ်နေတာ ရယ်ကြောင့် ပါဟု” Freedom News Group သို့ ပြောသည်။
Freedom News Group မှ ပြည်တွင်းမှု ခင်းသတင်းဂျာနယ်မှ အယ်ဒီတာ တစ်ဦး ဖြစ်သူ အား အသတ်ခံရသူမှာ မန္တလေး မြို့တော်ဝန် ဖုန်းဇော်ဟန် နှင့် ဆွေမျိုးသားချင်းတော် ပါသလား
ဟုမေးကြည့်ရာ “မတော် ”ဟု တိုတို တုတ်တုတ် ပင်ဖြေကြားသွားသည်။
ဗိုလ်တစ်ထောင် နှစ်လောင်းပြိုင် လူသတ်သမား၏ တရားခံမှ လေတပ် အရာရှိ တစ်ဦး ဖြစ်သည်
ဆိုခြင်းကို ဂျာနယ်လောကတွင် သြဇာတိက္ကမ ကြီးမားလှ သော မြန်မာတိုင်း မှ ထုတ်ဝေသည့်
The Crime ဂျာနယ် နှင့် Weekly Eleven ဂျာနယ်တို့ တွင်ပင်ရေးသား ဖေါ်ပြခွင့် မရဟု
သိရသည်။
လေတပ် ဗိုလ်ကြီးဖုန်းဇော်အေး မှာ Summer Palce ဟိုတယ် တွင် မတည်းခို စဉ်ကတည်း က
တပ်ပြေးသဘော မျိုးဖြစ်နေပြီး ဆရာစံ လမ်းရှိ AMBO ဟိုတယ်တွင် တည်းခိုနေထိုင် သည်
ဟုသိရသည်။
