မင်းသားကြီး ရော့(ခ်)ဟန်ဆန်မှသည် ဘရော့ဒ်ဝေး ဇာတ်ခုံပေါ်က

ငြိမ်းချမ်းငြိမ်း
၁၉၈၅ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့ မတိုင်ခင်အထိ AIDS နှင့် ပတ်သက်၍ ကမ္ဘာကြီးက သတိမမူခဲ့ကြ။ ထိုရောဂါနှင့် ပတ်သက်၍ ပေါ့ပေါ့တန်တန်ပင် သဘောထားခဲ့ကြသည်။ ထိုစဉ်က အမေရိကန် သမတအဖြစ် တာဝန်ထမ်းဆောင်နေသည့် ရော်နယ်ရီဂင် ကိုယ်တိုင်က နှာစေး၊ ချောင်းဆိုးရောဂါလောက်သာ သဘောထားခဲ့၍ အများ၏ ဝေဖန်မှု ခံခဲ့ရသည်။ ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့အစည်းများကလည်း အစိုးရ ကိုယ်တိုင်က ဘဏ္ဍာရေး အသုံးစရိတ် ချမပေးသဖြင့် ထိုဝေဒနာအတွက် မည်သည့် လှုံ့ဆော်မှုမှ မပြုလုပ်ကြ။

RENTထိုရောဂါနှင့် ပတ်သက်၍ တုံဏိဘာဝေ ဖြစ်နေသည့် လူ့အဖွဲ့အစည်းအတွက်မူ ၁၉၈၅ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့ သတင်းတပုဒ်ကမူ ပဟေဠိပေါင်း များစွာဖြင့် ချောက်ချားစေခဲ့ရသလို လူ့အဖွဲ့အစည်းအတွက် ပထမဦးဆုံး သတိပေး ခေါင်းလောင်းသံလည်း ဖြစ်ခဲ့ရသည်။ ထိုသတင်း အပြည့်အစုံမှာ “၁၉၄၈ ခုနှစ်ကတည်းက Fighter Squadron ဇာတ်ကားဖြင့် ရုပ်ရှင်နယ်ထဲသို့ ဝင်ရောက်ခဲ့ပြီး ဇာတ်ကားပေါင်း ၇ဝ ကျော် ရိုက်ကူးခဲ့သည့် မင်းသားကြီး ရော့(ခ်)ဟန်ဆန် AIDS ဖြင့် ကွယ်လွန်သွားသည်” ဆိုသည့် ABC သတင်းဌာန၏ သတင်းဖြစ်သည်။ ရော့(ခ်)ဟန်ဆန် မတိုင်ခင်ကတည်းက သေဆုံးသူများ ရှိခဲ့ကြသော်လည်း ကမ္ဘာကြီးက သတိမမူ ဂူမမြင်ခဲ့ကြသေး။ ပရိသတ်၏ အချစ်တော် နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင်တဦး ကွယ်လွန်ပါမှ ထိုရောဂါနှင့်ပတ်သက်၍ ကပ်ဘေးတခုသဖွယ် ကြောက်ရွံ့လာကြသည်။

ရော့(ခ်)ဟန်ဆန် ကွယ်လွန်ပြီး နာရီပိုင်းအတွင်းမှာပင် အမေရိကန်ပြည်သူ ၃ သောင်းကျော်က နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဖုန်းဆက်ကာ ရော့(ခ်)ဟန်ဆန် သေဆုံးစေခဲ့သည့် AIDS နှင့်ပတ်သက်၍ မည်ကဲ့သို့သော ဝေဒနာဖြစ်ကြောင်းကို မေးကြသည်ဟု ဆိုသည်။

ရော့(ခ်)ဟန်ဆန်မှာ အမေရိကန်တို့၏ အသည်းစွဲ မင်းသားတဦး ဖြစ်သည်သာမက ကမ္ဘာ့ပရိသတ်တို့ကလည်း ချစ်ခင်မြတ်နိုးကြသည်။ သူ သရုပ်ဆောင်ခဲ့သည့် ဇာတ်ကားများဖြစ်သည့် Never Say Goodbye, Pillow Talk, Avery Special Favor Giant ဇာတ်ကားများမှာ ပရိသတ် တိုးမပေါက်အောင် အားပေးခံခဲ့ရသည့် ဇာတ်ကားများဖြစ်သည်။ ရော့(ခ်)ဟန်ဆန်လိုပင် Queen ရော့(ခ်)ဂီတအဖွဲ့မှ ဖရက်ဒီမာကျူရီလည်း AIDS ဖြင့် သေဆုံးခဲ့ရသည်။ သူတို့လို နာမည်ကျော်များ သေဆုံးရမှုက ကမ္ဘာ့ပြည်သူအပေါင်းတို့အား AIDS နှင့်ပတ်သက်၍ သတိရှိစေခဲ့သည်၊၊

ယနေ့အချိန်ထိမူ ၁၉၈၁ ခုနှစ်မှစတင်၍ သတ်မှတ်ခဲ့သော စာရင်းများအရ ရော့(ခ်)ဟန်ဆန်၊ ဖရက်ဒီ၊ မာကျူရီ အပါအဝင် ကမ္ဘာတဝှမ်းတွင် AIDS နှင့် သေဆုံးသူပေါင်း ၂၅ သန်း ရှိသွားပြီ ဖြစ်သည်။ ၆ စက္ကန့်တိုင်းတွင် လူတဦးကျ HIV ပိုးကူးစက်ခံနေရပြီး အရှေ့အာရှနှင့် အရှေ့တောင်အာရှ ဒေသတွင်းရှိ နိုင်ငံများတွင်လည်း HIV ကူးစက်နှုန်းသည် သတိပေး ခေါင်းလောင်းထိုးရန် လိုအပ်သည်အထိ မြင့်တက်နေသည်ဟု ဆိုလေသည်။ မြန်မာနိုင်ငံတွင်မူ လုံလောက်သော ဆေးဝါးကုသမှုများ မရပါက တနှစ်အတွင်း AIDS ကြောင့် လူ ၂ သောင်း ၅ ထောင်ခန့် အသက်ဆုံးရှုံးရမည်ဟု နယ်စည်းမခြား ဆရာဝန်များအဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

RENTခုခံအားကျဆင်းမှု ကူးစက်ရောဂါ AIDS ကို မီဒီယာနှင့် လှုံ့ဆော်စည်းရုံးခြင်းများမှာ ကျယ်ပြန့်စွာ လုပ်ဆောင်ခဲ့သလို ဟောလိဝုဒ် ရုပ်ရှင်လောကမှလည်း AIDS နှင့် ပတ်သက်၍ အသိပညာပေး ဇာတ်ကားများ ရိုက်ကူးထုတ်လုပ်ခဲ့သည်။ ၂ နှစ်ဆက်တိုက် အော်စကာရရှိခဲ့သည့် မင်းသား တွမ်ဟန်(ခ်) သရုပ်ဆောင်ထားသော ဖီလာဒဲလ်ဖီးယား Philadelphia အမည်ရှိ ဇာတ်ကားမှာ အမေရိကန်ရှိ AIDS နှင့် နေထိုင်သူများ၏ ဘဝနောက်ခံကို ချယ်မှုန်းထားသည့် ဇာတ်ကားဖြစ်သည်။ ထိုဇာတ်ကားဖြင့် တွမ်ဟန်(ခ်) အော်စကာဆု ရရှိခဲ့သည်။ Time Out, Longtime, Companion, And the Band Played on စသည့် ဇာတ်ကားများမှာလည်း HIV နှင့် နေထိုင်သူများ၏ ဘဝကို တင်ဆက်ထားသည့် ဇာတ်ကားများဖြစ်သည်။

AIDS အသိပညာပေး ရုပ်ရှင်ဇာတ်ကားမျိုး မဟုတ်သော်လည်း HIV/AIDS နှင့် နေထိုင်သူ အနုပညာရှင်များဘဝနှင့် သူတို့၏ အနုပညာရှင်စိတ်ဓာတ် အပြည့်အဝရှိပုံတို့ကို နာမည်ကျော် ဘရော့ဒ်ဝေး ကဇာတ်ရုံမှ တင်ဆက်သည့်္မနညအ အမည်ဖြင့် ပြဇာတ်မှာ နာမည်ကြီးသည်။ ထိုပြဇာတ်မှာ ဘရော့ဒ်ဝေးဇာတ်ရုံ၏ နာမည်ကျော် ပြဇာတ်တပုဒ်ဖြစ်ပြီး ၁၉၉၆ ခုနှစ် ဧပြီလ ၂၉ ရက်နေ့မှ ၂ဝဝ၈ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့အထိ ၁၂ နှစ်တိုင်တိုင် ကပြအသုံးတော်ခံခဲ့ရသည်။ တေးသံစုံဒရမ်မာ Musical Drama အမျိုးအစားလို ပြဇာတ်ကို ၂ဝဝ၆ ခုနှစ်တွင် ဒါရိုက်တာ ခရစ်ကိုလံဘတ်စ်က္မနညအ အမည်ဖြင့်ပင် ရိုက်ကူးခဲ့သည်။ ၂ဝဝ၈ ခုနှစ်တွင်မူ ဘရော့ဒ်ဝေးကဇာတ်ရုံ၌ တင်ဆက်ပြသနေသော ပြဇာတ်ကို Rent: Filmed on Broadway အမည်ဖြင့် DVD ပြန်လည်ထုတ်ဝေခဲ့သည်။

ဘရော့်ဒ်ဝေးဇာတ်ရုံ၌ ပြသခဲ့သည့် Rent ပြဇာတ်မှာ တိုနီဆု၊ ဂရမ်မီဆုနှင့် ပူလစ်ဇာဆုများ ရရှိခဲ့သည်။ ဒါရိုက်တာ ခရစ်ကိုလံဘတ်စ်က ထိုပြဇာတ်ကို ၂ဝဝ၆ ခုနှစ်တွင် ရုပ်ရှင်အဖြစ် အသွင်ပြောင်းရာတွင် ဘရော့ဒ်ဝေးပြဇာတ်အတိုင်းပင် တေးသံစုံဒရမ်မာအဖြစ် HIV နှင့် နေထိုင်သူ အနုပညာရှင်များ၏ ဘဝကို ပြဇာတ်ဆန်သော ရုပ်ရှင်အဖြစ် ပြန်လည်တင်ဆက်ခဲ့သည်။

RENTနယူးယောက်မြို့တွင် အိမ်ခန်းငှားနေထိုင်ကြသည့် အနုပညာရှင် ၇ ဦးတွင် ၅ ဦးမှာ HIV နှင့် နေထိုင်သူများဖြစ်သည်။ မာက်ကိုဟန်ဆိုသည့် တက်သစ်စ ဒါရိုက်တာတဦးမှာ အနုပညာနယ်ပယ်ရှိ အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်နေရသူတဦးဖြစ်သည်။ သူ၏ အခန်းဖော် ရော်ဂျာဒေးဗစ်မှာ HIV နှင့် နေထိုင်သူတဦးဖြစ်ပြီး ယခင်က ညကလပ်များတွင် ကချေသည်တဦးဖြစ်သည်။ တွမ်ကောလင်းက AIDS နှင့် နေထိုင်သူ ဒဿဿနိကပါမောက္ခတဦး ဖြစ်သည်။ ယခင်က မော်ရင်း၊ ရော်ဂျာ၏ မတ်နှင့် ဘန်နီတို့၏ အခန်းဖော်ဖြစ်သည်။

သူ၏ ချစ်သူမှာ လမ်းမများတွင် တကိုယ်တော် ဂီတပွဲများလုပ်၍ ရပ်တည်နေထိုင်သူဖြစ်သည်။ ပါဖော့မင့် အနုပညာရှင် Performance Artists တဦးဖြစ်သည့် မော်ရင်းဂျွန်ဆင်မှာ ယခင်က မက်(ခ်)၏ ရည်းစားဖြစ်ပြီး ယခု ဟားဗတ်တက္ကသိုလ်မှ ဘွဲ့ရထားသည့် ရှေ့နေမလေး ဂျိုအန့်ဂျက်ဖာဆင်နှင့် အမျိုးသမီးချင်း ချစ်ကျွမ်းဝင်နေသူဖြစ်သည်။

မာက်၊ ရော်ဂျာ၊ မီမီတို့၏ အခန်းပိုင်ရှင်ဖြစ်သူ ဘင်ဂျမ်အော်ဖင်ကမူ အချိန်မီ အခန်းငှားမပေးနိုင်လျှင် သူတို့အား ကိုင်တွယ်၍မရသော အနုပညာဆိုသည့် ဟာအား မဖန်တီးကြဘဲ တခုခုလုပ်ကြရန် အကြံပေးသူဖြစ်သည်။ ၁၉၈၉ ခုနှစ် ခရစ္စမတ်အကြိုကာလတွင် Seasons of Love သီချင်းကို သံပြိုင်သီဆိုနေသည့် ပြဇာတ်အဖွဲ့သားများဖြင့် Rent ဇာတ်ကားကို စတင်ဖွင့်လှစ်သည်။ ခုခံအား ကျဆင်းသည့်ရောဂါဖြင့် ချစ်သူဆုံးသွားသဖြင့် စိတ်ဓာတ်ကျနေသော ရော်ဂျာမှာ နယူးယောက်မြို့၏ တန်ဖိုးနည်းအိမ်ရာတွင် အခန်းငှား၍ နေထိုင်ရာမှ မတ်(ခ်)၊ မီမီ၊ မော်ရင်းတို့နှင့် မိတ်ဆွေဖြစ်သွားသည်။ မတ်(ခ်)က ဝါသနာရှင်အဆင့်လွန် ရုပ်ရှင်ဒါရိုက်တာတဦး ဖြစ်သော်လည်း သူ ရိုက်ကူးထားသည့် ဇာတ်ကားများကို ကြိုက်သည့် ကုမ္ပဏီ မတွေ့သေးသလို သူ ရိုက်ကူးလိုသော ဇာတ်ကားမျိုးအတွက် ငွေထုတ်ပေးမည့်သူ မရှိသေးသဖြင့် နီးစပ်ရာ ဘဝတူအနုပညာရှင်များနှင့် ရုန်းကန်နေရသည်။

Red Ribbonမတ်(ခ်)၏ ရည်းစားဖြစ်သည့် ပါဖော့မင့်အနုပညာရှင် မော်ရင်းက မတ်(ခ်)ထက် အဆင်ပြေသည့် ဟားဗက်တက္ကသိုလ်ဘွဲ့ရ ရှေ့နေဂျိုအန်းနှင့် အတူနေသည်။ မော်ရင်းက မတ်(ခ်)နှင့် မပတ်သက်သလို နေသော်လည်း ဂျိုအန်းက မတ်(ခ်)ကို Buzz line ရုပ်ရှင်ကုမ္ပဏီနှင့် တွေ့ဆုံပေးကာ သူ့ဇာတ်ကားများ ထုတ်လုပ်ခွင့်ရရန် ဆောင်ရွက်ပေးသည်။ ရော်ဂျာတို့နှင့် ရင်းနှီးလာသော မတ်(ခ်)မှာ လမ်းမပေါ်တွင် ဖျော်ဖြေသည့် ဂီတသမား အိန်ဂျယ်နှင့် သူ၏ ရည်းစား ပါမေက္ခ တွမ်ကောလင်းတို့နှင့်ပါ ရင်းနှီးလာခဲ့သည်။ သူတို့နှစ်ဦးစလုံးမှာလည်း HIV နှင့် နေထိုင်သူများဖြစ်သည်။

သူတို့အားလုံးမှာ စားဝတ်နေရေးအတွက် ရုန်းကန်နေရသော်လည်း သူတို့ ဝါသနာပါရာ အနုပညာ ရည်မှန်းချက်မှ တချက်မျှ မသွေဖီခဲ့ချေ။ မီမီဆိုလျှင် ချမ်းသာတာဆို၍ သူ၏ အဝတ်အစား သေတ္တာတခုထဲသာ ရှိသည်။ ထိုအချိန်က HIV ပိုး ခုခံနိုင်သည့် ဆေးဝါးများမှာလည်း အချိန်မှန် မရသဖြင့် သူတို့မှာ ဆေးဝါးလုံလောက်မှုလည်း မရှိချေ။ မီးရောင်အောက်တွင် ပရိသတ်ကို အရီအပြုံး မျက်နှာများဖြင့် ဖျော်ဖြေရသော်လည်း လက်တွေ့ဘဝတွင်မူ ရှင်သန်ရေးအတွက် ရုန်းကန်နေရသူများဖြစ်သည်။

Rent ဇာတ်ကားမှာ Musical ဇာတ်ကားဖြစ်သည့်အတွက် ဇာတ်လမ်းကို သီချင်းဖြင့် သရုပ်ဖော်ဆောင်ထားသည်။ ဤဇာတ်ကားကို ၁၉၈၈ ခုနှစ်က Heart Break Hotel ဇာတ်ကားဖြင့် နာမည်ရလာပြီး Home Alone, Harry Potter ဇာတ်ကားများနှင့် Fantastic Four ဇာတ်ကားများကို ရိုက်ကူးခဲ့သည့် ဒါရိုက်တာ ခရစ်ကိုလံဘတ်(စ်)က ရိုက်ကူးခဲ့သည်။ ရောဘတ်ဒီနီရိုးက Rent ဇာတ်ကား၏ ထုတ်လုပ်သူအဖြစ် တာဝန်ယူထားပြီး မူရင်းဝတ္ထုမှာ ဂျွန်နသန်လာဆင်၏ ဝတ္ထုဖြစ်သည်။

ဤဇာတ်ကားအား အောက်ပါလင့်ဖြင့် ကြည့်ရှုနိုင်ပါသည်။

http://www.watch-movies.net/movies/rent/

ငြိမ်းချမ်းငြိမ်း