၂၈ ဧပြီ ရန်ကုန်၊ ၊ယူကွန်
မက္ကဆီ နိုင်ငံတွင် ဖြစ်ပွားနေသော ၀က်တုပ်ကွေးကြောင့် လူရာ နှင့်ချီသေ ဆုံးပြီး ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ အစည်း (WHO) က၀က်တုပ်ကွေး ရောဂါ နှင့် ပတ်သက်၍ အရေးပေါ် အခြေအနေ ကြေငြာ ထားချိန်တွင် ရန်ကုန် တိုင်းစစ်ဌာ နချုပ် မှ မွေးမြုထားသော လေးဒေါင့်ကန် ၀က်မွေးမြုရေး စခန်းမှ ၀က်ကောင် ရေ တစ်ရာကျော်ခန့် ကို ယနေ့ ထုတ်ရောင်းချသည် ဟုသိရသည်။
ရန်ကုန်တိုင်း စစ်ဌာ နချုပ် နှင့် လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့ ဝက်မွေးမြူရေး စခန်းများတွင် ၀က်မွေးခြံများ တစ်ရာ ထက်မနည်းရှိ ပြီး ရန်ကုန်၊မှော်ဘီ နှင့် တွံတေး တို့ တွင် အများဆုံးဖြစ်သည်။
ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ရောင်းချထားသော ၀က်များကြောင့် ဆင်မလိုက် ၀က်သတ်ရုံတွင် ၀က်များ စုပုံရောက် ရှိနေသည်။အစိုးရ သတင်းစာ များတွင် ၀က်တုပ်ကွေး ရောဂါ နှင့် ပတ်သက်၍ သတိပေး ချက်ထုတ်ထား သော်လည်း ဈေးများတွင် ရောင်းချသော ၀က်သားဈေးမှ ကျဆင်းသွားခြင်းမရှိချေ။
ယခင် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှုး ဗိုလ်ချုပ် မြင့်ဆွေ ပိုင်ဆိုင်သော ကြက်ခြံများမှာ ကြက်တုပ် ကွေး ရောဂါ ဖြစ်ပွားစဉ် ကအရှုံးပေါ်ခဲ့သည်။
တိုင်းမှုး ဗိုလ်မှုးချုပ် လှဌေးဝင်း လက်ထက်တွင် ၀က်မွေးမြူရေး စခန်းများကို တိုးချဲ့ ဆောက်လုပ်ရန် အမိန့် ထုတ်ပြန်ခဲ့သည်။ ယခု ၀က်တုပ်ကွေး ရောဂါ ဖြစ်ပွားနေ ချိန်တွင် အရှုံးမပေါ်ရန်အတွက် အရွယ်ရောက် ၀က်များကို ရောင်းချရန် အမိန့် ပေးခဲ့ခြင်းဖြစ်သည်။
ဝက်တုပ်ကွေး ရောဂါနှင့် ပတ်သက်၍ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် အသိပညာပေး အစီအစဉ် များနှင့် ကြိုတင်ကာကွယ်ရေး အစီအစဉ် များကို ကျေးရွာ များထိ ကျယ်ကျယ်ပြန့် ပြန့် လုပ်ဆောင် နေပြီ ဖြစ်သော်လည်း မြန်မာ အစိုးရ ၏ ၀က်တုပ်ကွေး နှင့် ပတ်သက်၍ အင်
တိုက်အားတိုက် ပြုလုပ်ခြင်း မရှိသေး ဟု ရန်ကုန်မြို့ ခံများကပြောသည်။
