ဝက်တုပ်ကွေးရောဂါ လက္ခဏာ ဟုယူဆရသည့် ရောဂါတစ်မျိုး ပဲခူးတွင်ဖြစ်ပွား

၂၉ ဧပြီ ရန်ကုန်၊                   ၊ယူကွန်

လူကိုကူးစက်သည့် ၀က်တုပ်ကွေးဗိုင်းရပ်(စ)
လူကိုကူးစက်သည့် ၀က်တုပ်ကွေးဗိုင်းရပ်(စ)

ဝက်တုပ်ကွေးရေဂါနှင့် ဆင်ဆင်တူသည့် ရောဂါ လက္ခဏာ တစ်မျိုး ပဲခူးမြို့ ဆယ်မိုင်ကုန်း အနီး ရန်
ကုန်-မန္တလေး ကားလမ်းမပေါ် ရှိ ကျေးရွာတစ်ခု တွင် ယနေ့ ဖြစ်ပွားခဲ့သည် ဟုသိရသည်။အသက် ၂၂ နှစ်အရွယ် ခန့် ရှိ မောင်ထွန်းနိုင်ဦး ဆိုသည့် ပဲခူး ဂေါက်ကလပ်တွင် အလုပ် လုပ် နေသော လူငယ် တစ်ဦးမှာ ယနေ့ နေ့ လည်တွင် နှာရည်ယို ၍ အဖျားတက်ကာ သတိလစ် ရာမှ နီးစပ်ရာ
ဆေးခန်း မှ တစ်ဆင့် ပဲခူး ဆေးရုံ ကြီးတွင် တက် ရောက် ကု သခံနေ ရကြောင်းသိရသည်။

ဝက်တုပ်ကွေးရောဂါ လက္ခဏာများ တွေ့ ရှိလျှင် ရန်ကုန် ကျန်းမာရေးဦးစီးဌာန သို့ အကြောင်းကြားရန် ညွှန်ကြားထား သောကြောင့် ပဲခူးဆေးရုံ ကြီးမှ တာဝန်ရှိ သူများမှ ရန်ကုန် သို့ 
သတင်းပို့ ထားသည်။

ပဲခူးမှ လူနာ အခြေအနေ ကို ရန်ကုန် သို့ သတင်းပို့ ရာတွင် WHO မှ သတ်မှတ်ထားသော ရောဂါဝေ ဒနာရှင် များ၏ စရိုက် လက္ခဏာ များနှင့် တူညီ သဖြင့် ရန်ကုန် မှ ကျွမ်းကျင်သူ များအဖွဲ့ က ယနေ့ ညနေ တွင် ပဲခူးသို့ သွားရောက်ရန် စီစဉ်ထား သည်။

မောင်ထွန်းနိုင်ဦး ပဲခူးဆေးရုံကြီး မှ ကြပ်မတ်ကု သပေးနေသည်။ ၀က်တုပ်ကွေး Swine Flu ကြောင့် အမေရိကန် တွင် တစ်ဦးသေ ဆုံးပြီး ရောဂါ စတင် ဖြစ်ပွားရာ မက်ဆီကို တွင် အယောက် ၂၀ ကျော်ခန့် သေဆုံးခဲ့ပြီး ယခု အချိန်ထိ ၂၇၃ ဦး ရောဂါ ကူးစက်ခံ ရကာ ၁၅၃ ယောက် သေဆုံးခဲ့
ပြီဖြစ်သည်။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO မှ ၀က်တုပ်ကွေးရော ဂါသည် လူမှ လူသို့ ကူးစက်နိုင်သည် ဟုကြေညာ ထားပြီး ကမ္ဘာတ၀ှမ်းသို့ ကူးစက် နိုင်သည့် ရောဂါ လက္ခဏာ အဖြစ် အရေးပေါ် အခြေအနေ ထုတ်ပြန်ထားသည်။