၂၉ ဧပြီ ၀ါရှင်တန်၊ ၊အေအက်(ဖ)ပီ
သမ္မတ ဘရက် အိုဘားမား အစိုးရလက်ထက် တွင် မြန်မာ နိုင်ငံ နှင့် ပတ်သက်၍ ချမှတ်ထား သည့်
မူဝါဒများကို ပြန်လည် သုံးသပ်ရန် စီစဉ် ထားသော် လည်း စစ်တပ် ကအာဏာ ရယူထားသည့် မြန်မာ နိုင်ငံအပေါ် အရေးယူ ပိတ်ဆို့ မှုများကို ရုပ်သိမ်းပေး မည် မဟုတ်ဟု နိုင်ငံခြားရေးဝန်ကြီး ဌာန မှ အင်္ဂါနေ့ က တရားဝင် သတင်းထုတ် ပြန်လိုက်သည် ။
မြန်မာ စစ်အစိုးရမှ တွေ့ ဆုံဆွေးနွေးမှု ၊နိုင်ငံရေး အကျဉ်းသားများ နှင့် ဒေါ်အောင်းဆန်း စုကြည်အား လွှတ်ပေးခြင်း မပြုသေး သ၍ မည်သို့ သော ကန့် သတ်ထားမှု ကိုများ ရုပ်သိမ်းပေးမည် မဟုတ် ဟု အေအက်(ဖ)ပီ သတင်း တွင် ဖေါ်ပြထားသည်။
မြန်မာ စစ်အစိုးရ နှင့် နိုင်ငံခြားရေး ၀န်ကြီးဌာန တာဝန်ရှိသူ များမှ တစ်ဆင့် ဆက်ဆံရေး ပြန်လည်
ကောင်း မွန်ရန် လုပ်ဆောင်ရန် စီစဉ် ထားသော်လည်း မြန်မာ နိုင်ငံတွင် အစစ်အမှန် ပြောင်းလဲ မှုမပြု လုပ် မခြင်း မည်သို့ သော အရေးယူ ဒဏ်ခတ် ပိတ်ဆို့ မှုမျိုး ကိုမဆို ရုပ်သိမ်းသွား ရန် အစီ
အစဉ် မရှိ ဟု သတင်းထုတ်ပြန် မှု တွင် ဖေါ်ပြထားသည်။
မြန်မာ ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်အား နေအိမ်အကျယ် ချူပ် ဖြင့်ဖမ်းဆီး ထားမှု မှာ မေလ ၃၀ ရက်နေ့ တွင် ခြောက် နှစ်ပြည့်ပြီ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် အား ဖမ်းဆီထိန်းသိမ်းထားမှု မှာ စစ်အစိုးရ ချမှတ်ထားသော ဥပဒေ များနှင့် ပင် တရားဝင် ခြင်းမရှိ ဟုသိရသည်။
