၁ မေ ရန်ကုန်၊ ၊ဟိန်းခိုင်ထွန်း
ယနေ့ မေလ ၁ ရက်နေ့ (အလုပ်သမားနေ့ )ထုတ် စစ်အစိုးရ အာဘော် သတင်းစာ များတွင်

မြန်မာလူမျိုးများ ၏ ထမင်းစားပွဲ ၀ိုင်းတွင်မရှိမဖြစ်သော ငါးပိ အား အနီရောင် ဆိုးဆေး အသုံးပြုထားသဖြင့် အများပြည်သူ စားသုံးရန် မသင့်တော် ဟု ကြေညာထားသည်။
ကျန်းမာရေးဝန်ကြီးဌာန မှ ငါးပိ တွင် အစာအိမ် အူလမ်း ကြောင်း ရောင်ရမ်းခြင်း၊ပျို့ အန်ခြင်း၊ကင်ဆာဖြစ်ခြင်း၊ဦးဏှောက် အာရုံကြော ချို့ ယွင်းခြင်း စသည့် Rodhamine B ဓာတ်များ ပါဝင်နေသည်ကို တွေ့ ရှိ ၍ စားသုံးရန် မသင့်ကြောင်း အများပြည် သူများသိရှိရန် ကြေညာထားသည် ဟုဖေါ်ပြထားသည်။
ဆိုးဆေး အသုံးပြုထားသော ငါးပိ အမျိုးအစားများမှာ ရခိုင် ငါးပိထောင်း စိမ်းစားငါးပိ ပုဇွန်ငါးပိ
ထောင်း မရမ်းသီး ငါးပိထောင်း စသည်တို့ ဖြစ်သည်။
ကျန်းမာရေးဝန်ကြီးဌာန ကငါးပိ အမျိုးပေါင်း ၂၆ ခုကို စားသုံးရန် မသင့် ဟုကြေညာထားသည်။ငါးပိများကို ရောင်းတန်းတွင် အရောင် လှရန် သုံးကြသည့် ဓာတုဗေဒ ဆိုးဆေး Rodhamine B မှာ သိုးမွေး ပိုးထည် သားရေ စက္ကူ များ ကို အရောင်ဆိုးရာ တွင် သုံးသော ပစ္စည်းဖြစ်ပြီး ရောဂါပိုးရှာဖွေရာတွင် သုံးသည့် ဓာတ်ခွဲခန်း သုံး ဆိုးဆေးလည်း ဖြစ်သည် ဟု ဖေါ်ပြထားသည်။
ပြီးခဲ့သည့် မတ်လ ကလည်း လက်ဖက် အမျိုးပေါင်း ၄၂ မျိုးကို Auramine O အ၀ါရောင် ဆိုးဆေးပါဝင် သဖြင့် စားသုံးရန် မသင့် ဟု ကြေညာခဲ့သည်။
မြန်မာ လူမျိုး တို့ ၏ ထမင်းစားပွဲ ၀ိုင်းတွင် မပါမဖြစ်သည့် ငါးပိ ကို အဓိက ထုတ်လုပ် သည့် ဒေသမှာလွန်ခဲ့သည့် တစ်နှစ် အတိက နာဂစ် လေမုန်တိုင်း ဒဏ်ကြောင့် လူတစ်သိန်း ကျော် သေကျေ ဒဏ်ရာရခဲ့သည့် ဧရာဝတီ တိုင်းမှ အများဆုံး ထုတ်လုပ်သည်။
ယခုကဲ့ သို့  ကျန်းမာရေးဝန်ကြီးဌာန မှ ငါးပိ ထုတ်ကုန် အချို့ ကို စားသုံးရန်မသင့် ကြေညာလိုက်ခြင်းသည် ဧရာဝတီ တိုင်းမှ ငါးပိ ထုတ် သည့် ရေလုပ်ငန်းသမားများအတွက် ဒုတိယအကြိမ် နာဂစ် ၀င် သလို ခံစားရမည် ဟု သုံးသပ်ပြောဆို ကျသည်။
လက်ဖက်များ တွင် အ၀ါရောင် ဆိုးဆေး ပါသည် ဟုကြေညာ စဉ်က လက်ဖက်ဈေးကွက် ပျက်ခဲ့သည်။ ငါးပိသည် ရေထွက် ကုန် တစ်မျိုးဖြစ်သည်။
