Freedom News Group သည်၂၀၀၉ခုနှစ်ဆန်းမှစ၍တစ်လအတွင်းထူးခြားမှုအရှိဆုံးသော
သတင်းတစ်ပုဒ်အားလစဉ်ဖေါ်ပြပေးခဲ့ပြီးဖြစ် ပါသည်။ထိုသို့ ဖေါ်ပြရာတွင်နိုင်ငံရေး သတင်းများသာမက မည်သည့်နယ်ပယ်မှသတင်းမဆိုအတွေးပွားစရာနှင့် ဆွေးနွေးစရာ ရှုထောင့်အမြင်ကွဲပျားခြားနားစရာများဖြစ်က ရွေးချယ်၍ဖေါ်ပြပေးသွားခဲ့ပြီးဖြစ် သလို ပြည်သူတို့ 
၏ ဘ၀ နှင့်ဆက် စပ်နေသော သတင်းများကို လည်း ရွေးချယ်ဖေါ်ပြမည် ဖြစ်ပါသည်။
ထိုသို့ ဖေါ်ပြရာတွင်အဆိုပါသတင်းသည်ပရိသတ်စိတိဝင်စားမှုအရှိဆုံး
သတင်းဖြစ်ရမည့်ပြင်အများပြည်သူကြားထဲနှိုက်အလှုပ်ခတ်ဆုံးသတင်းဖြစ်ရမည်ဆိုသော
မူကိုအခြေခံ၍ရွေးချယ်ခြင်းဖြစ်ပါသည်။
ယခုလအတွက် NEWS OF THE MONTH အဖြစ် မဇ္ဈိမ သတင်းဌာန၏ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားမှု ကာလဝမ်းရောဂါ အသွင်ပြောင်း ဆိုသည့် သတင်း”ကို ရွေးချယ်လိုက် ပါသည်။
စာပေစီစစ် ရေးမှ လက်လှမ်းမမှီသည့် သတင်းဌာနများ တွင် ဖေါ်ပြချက် အရ ယခု အချိန်ထိ လူ ၃၀
ခန့် သေဆုံးခဲ့ပြီ ဆိုသော် လည်း နာဂစ် မုန်တိုင်း တိုက်ခတ်စဉ် အချိန်က လူ တစ်သိန်း ငါးသောင်း နီး
ပါးသေဆုံး ရသည် ကိုတောင် စာနာမှု မပြသည့် စစ်အစိုးရမှာ လူ ၃၀ လောက် အတွက် မည်သို့ မှ အလေး ထားမည် မဟုတ်ပါ။
မြန်မာ နိုင်ငံတွင် ကာလ၀မ်းရောဂါ ဖြစ်ပွားနေချိန် နှင့် တပြိုင်နက် မက္ကဆီကို မှ စတင်ခဲ့သော ၀က်
တုပ်ကွေးမှာ လည်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO က အရေးပေါ်အခြေအနေ ကြေညာပြီးတပ် လှန့် 
ထားရသည် မှာ အားလုံးအသိပင်ဖြစ်သည်။
သို့ သော် တိုင်းသူပြည်သား တို့ မည်သို့ ပင် ဖြစ်ပစေနေပြည်တော် မှဗိုလ်ချုပ် မှုးကြီး ကတော့ တုတ်
တုတ်မျှပင် မလှုပ်……..
