ရွှေဂုံတိုင်ကြေညာချက်နှင့် ပတ်သက်၍ ပြောကြသည်များ (အင်တာဗျူး)

၁ မေ ရန်ကုန်၊                   ၊Freedom News Group
အများစုက ၂၀၁၀ ရွေးကောက်ပွဲ အတွက် NLD ယတိပြတ်မဆုံး ဖြတ် နိုင်သေး ဟု ထင်စရာ ရှိသော် လည်း စစ်အစိုးရ မလိုက်လျှော နိုင်သော အချက် သုံး ချက်ကြောင့်
ရွေးကောက်ပွဲ ကိုအလိုမရှိ ကြောင်း သဘောထား ထုတ်ပြန်ခြင်း ပင် ဖြစ် ဟု Freedom News
Group ၏ တွေ့ ဆုံမေးမြန်းမှု အစီအစဉ် တွင် အများစု သုံးသပ်


ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး အစည်းအဝေးခန်းမတွင် ၂ဝဝ၉ ခုနှစ် ဧပြီလ ၂၈-၂၉ ရက်နေ့များ၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ ပြည်နယ်-တိုင်း စည်းရုံးရေးအဖွဲ့များနှင့် အလုပ်အမှုဆောင် ကိုယ်စားလှယ်များ၊ အမျိုးသား ဒီမိုကရေစီပါတီ ကိုယ်စားလှယ်များ၊ အမျိုးသမီး လုပ်ငန်းအဖွဲ့ ကိုယ်စားလှယ်များ၊ လူငယ်လုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့ ကိုယ်စားလှယ်များ တက်ရောက်သည့် စုံညီအစည်းအဝေးအပြီး ထွက်ပေါ်လာသည့် အန်အယ်ဒီ၏ ရွှေဂုံတိုင်လမ်း အမည်ရှိ ကြေညာစာတမ်း ကိုထုတ်ပြန်ခဲ့ပါသည် ထိုကြေငြာစာတမ်းတွင် ဖေါ်ပြထား
သော အောက်ပါအချက် သုံးချက် အပါအ၀င် ၎င်းတို့ ၏ ရပ်တည်ချက်များကို လည်း ထုတ်
ပြန်ခဲ့ပါသည်။

(၁) အဖွဲ့ချုပ်ခေါင်းဆောင်များအပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးလျှင်

(၂) ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ဒီမိုကရေစီ စံနှုံန်းများနှင့် မကိုက်ညီသည့် အချက်များကို ပြင်ဆင်ပေးလျှင်

(၃) အားလုံးလွှမ်းခြုံပါဝင်နိုင်မည့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာက စောင့်ကြပ်လေ့လာမှုကို ခွင့်ပြုလျက် ကျင်းပမည်ဆိုလျှင် – အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူလူထု တရပ်လုံး၏ အကျိုးစီးပွားကို သယ်ဆောင်နိုင်ရေး မျှော်မှန်း၍ ပေါ်ပေါက်လာမည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် ရွေးကောက်ပွဲနှင့် စပ်လျဉ်းသော ဥပဒေတို့ကို လေ့လာပြီး အထူးကိစ္စတရပ်အနေဖြင့် အလေးထားစဉ်းစား၍ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် ရည်ရွယ်ကြောင်း ဤရွှေဂုံတိုင် ကြေညာစာတမ်းကို အလေးအနက် ထုတ်ပြန်ကြေညာလိုက်သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်၏ ရွှေဂုံတိုင် ကြေညာစာတမ်း နှင့် ပတ်သက် ပြီး Freedom News Group မှ ပြည်တွင်းမှ မြေအောက် လှုပ်ရှားမှု ကျောင်းသား ခေါင်းဆောင် တစ်ဦး ကို ဆက်သွယ် မေးမြန်းကြည့် ရာ “အဖြေက ရှင်းနေပြီ လေ ရွေးကောက်ပွဲ မ၀င် ဘူးကွာလို့ ပြောရင် မကောင်းလို့ ဒီလို ထိန်းထိန်း သိမ်းသိမ်း နဲ့ ကြေညာချက် ထုတ်သွား
တာ ဒီသုံးချက် ကို ကြည့်ရင် နှစ်ချက် က နအဖ လုံးဝ လိုက်လျှော ပေးနိုင်စရာ မရှိဘူး။

တစ် အချက် ဒေါ်စုအပါ အ၀င်နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးရင် ၂၀၁၀
ရွေးကောက် ပွဲ က လုံးဝ ပျက်ပြီ နဂို ထဲ ကမှ Road Map ရ ချက်လုံး ကိုမကြိုက်လို့ ဆန့် ကျင် ရင်းထောင် ကျသွားတဲ့ လူတွေ လေ ..

နှစ်အချက် အခြေခံ ဥပဒေမှာ ပါတဲ့ ဒီမိုကရေစီ စံနှုန်းတွေ နဲ့ မကိုက်တဲ့ အချက်တွေကို ပြင်ပေး ပါဆိုတာ ကလည်း နအဖ ဇွတ်အတည် ပြုပြီးသား ဆိုတော့ ပြင်ပေးမှ မဟုတ်ဘူး

နံပါတ် သုံး အချက် ကို တော့ သူတို့ အထိုက် အလျှောက် စဉ်းစားပေးချင် ပေးလိမ့်မယ်။ဒါပေမယ့် ကလိမ်ကကျစ် ကျမှ သူတို့ အလိုပြည့်မှာ ဆိုတော့ သိပ်တောင် မထင်ပါ ဘူး ဟု သုံးသပ် ပြောဆို ခဲ့သည်။

ရန်ကုန်မြို့ တွင် စိတ်တိုင်းကျ လက်ဖက် ရည်ဆိုင် ဖွင့်ထားသူ ကိုမြင့် ကလည်း NLD အခုလို ပြည်သူ ဘက်က ပြတ်ပြတ် သားသားရပ် တည်တာကို သဘောကျတယ် အဓိက

နိုင်ငံရေး အကျဉ်းသား တွေ ပြန်လွှတ် ပေးဖို့ က အဓိက ပဲလေ။

တချို့ က NLD ရွေးကောက်ပွဲ နဲ့ စပြီးပြော လာပြီ လို့ လက်တွေ့ ကျလာတယ် လို့ သုံးသပ်ကျ ပေမယ့် တကယ်က ဒီအချက် သုံးချက် ကိုကြည့် ခြင်း အားဖြင့် သိသာတယ်
လေ။

နအဖ အနေ နဲ့ ဒီ အချက် သုံးချက် ကို လိုက်လျှော ရင် သာဓု ခေါ် ဖို့ တောင် ကောင်း နေပြီ ဟု ပြောသည်။

ဘန်ကောက် တွင် အခြေစိုက်သည့် မြန်မာ နိုင်ငံရေး လှုပ်ရှားသူ ကို ကျော်လင်းဦး က

အခု NLD ရဲ့တောင်းဆိုချက် ၃ ချက်ကိုကြည့်ယင် တောင်းဆိုချက် အမှတ် ၂ က လွဲလို့ ကျန်တာတွေကို နအဖ က လိုက်လျောမယ်ဆိုယင် လိုက်လျောနိုင်တဲ့သဘောရှိတယ်။ တကယ်တမ်း ၂၀၁၀ ရွေးကောက်ပွဲအောင်မြင်ဖို့ဆိုယင် နိုင်ငံရေးအကျဉ်းသားတွေကို မဖြစ်မနေပြန်လွှတ်ပေးရမှာဖြစ်သလို့ နိုင်ငံတကာရဲ့ စောင့်ကြည့်မှုကိုလဲခွင့်ပြုမယ်လို့ နအဖက ပြီးခဲ့တဲ့ ၁၄ ကြိမ်မြောက် အာစီယံ ထိပ်သီး အစည်းအဝေးပွဲမှာ ပြောပြီးသားဖြစ်တယ်။ တောင်းဆိုချက်အမှတ် ၂ ဖြစ်တဲ့ အခြေခံဥပဒေပြင်ဆင်ဖို့ကိစ္စတောင်မှ တကယ်လို့ နအဖဘက်က ၉၀ ရွေးကောက်ပွဲရလဒ်ကို တနည်းနည်းနဲ့အတည်ပြုချင်ယင် NLD နဲ့ညှိမယ်ဆိုယင် ညှိနိုင်တဲ့အချက်ဖြစ်ပါတယ်။

၁၉၉၈ ခုနှစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ၏ ရက်ပေါင်း ၆၀ အတွင်း လွှတ်တော်ခေါ် ယူပေး ရေးတောင်း ဆိုချက်ကို ထောက်ခံ ဆန္ဒပြရင်း ထောင်ဒဏ် နှစ်ရှည် ကျခံနေရသည့်
ကျောင်းသားခေါင်းဆောင် ကိုမျိုးမင်းဇော် ၏မိခင် က မူ“နိုင်ငံရေး အကျဉ်းသား တွေ ပြန်လွှတ်မပေးမခြင်း ရွေးကောက်ပွဲ ၀င်ဖို့ အစီအစဉ် မရှိဘူး ဆိုတာကို တော့ နိုင်ငံရေး အကျဉ်း
သားတွေရဲ့ မိသားစုတွေ အားလုံးက ကြိုဆို ကျပါတယ်” ဟုပြောသည်။

ရည်ညွှန်း ကိုးကား

ကိုဝိုင်း အန်အယ်ဒီ၏ ရွှေဂုံတိုင် ကြေညာစာတမ်း Mizzima News Agency