Freedom News Group မှ တနင်္ဂနွေ နေ့ တိုင်း ပရိသတ် တောင်းဆို ထားသည့် သီချင်း များကို
တင်ဆက် ပေးသွားမည် ဖြစ်ပါသည်။ မိမိတို့ ကြည့်ရှု နားထောင် လိုသော သီချင်း များ ကို freedomnewsgroup@gmail.com သို့ စာရေးသား ပေးပို့ ၍ တောင်းခံ နိုင်ပါသည်။
မွေးနေ့ ၊မင်္ဂလာ ဦးဆု တောင်း နှင့် မိတ်ဆက် သီချင်းပေးပို့ ခြင်းများ ကို လည်း တင်ဆက်ပေးသွား
မည်ဖြစ်သည်။ သီချင်းတောင်း သူများအတွက် Freedom News Group မှသီချင်း mp3 file ကိုမေတ္တာ လက်ဆောင် ပြန်ပို့ ပေးပါမည်။
ဒီတပတ်မှာ တော့ ပါရမီ မှ ကိုအေးဝင်းထွန်း က စင်္ကာပူ က ညီမလေး ပုံ့ အတွက် ၊ရန်ပြေ မှ အိအိကျော် ၊နီလာ နဲ့ ကို စိုးတို့ က ဖင်လန် မှ လှမျိုးနွယ် နားဆင် ဖို့ အတွက် ချင်းမိုင် မှ လပိုင် က
မဲဆောက် က ခဲမလောက် အ တွက် မော်လမြိုင် မှ နွယ် ၊ဖြူ ၊စု ၊ယမင်း နဲ့ အန်တီ ချိုတို့ က နေပြည်တော် ဆည်မြောင်း ဦးစီးဌာ န မှ မမော် ရဲ့  ၂၈ နှစ် မြောက် မွေးနေ့ အတွက် အနောက်ပိုင်း ကတက္ကသိုလ် မှ သဲသဲ က ဒူဘိုင်းမှ သက်ဆိုင်သူ အတွက် လှည်းတန်း မှ ညီမလေး က ဘိလပ် မှ ဘိုဘို နားဆင် ဖို့ အတွက် Kid Rock နဲ့  Sheryl Crow တို့ စုံတွဲ သီဆို ထားတဲ့ Picture သီချင်းကိုတင်ဆက် လိုက်ပါတယ်။
