၂ မေ ရန်ကုန်၊ ၊တင်ကျော်ကျော်စိုး
လွန်ခဲ့သည့် တစ်နှစ်က နာဂစ် မုန်တိုင်း ဒဏ်ကြောင့် သေဆုံးခဲ့ရသူများအား ရည်စူး၍ သိုသိပ်စွာ ပြုလုပ်ရသည့် အောက်မေ့ဆုတောင်းပွဲ တစ်ရပ်တွင် ထင်ရှားသော နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးက ပြည်သူများ ၏ စား ၀တ် နေရေး အကျပ်အတည်း များမှာ ပိုမို ကြီးမား လာသဖြင့် အထွေထွေ မကျေ နပ်ချက် များဖြစ် လာကာ ထိုကိစ္စသည် အုံကြွမှု တစ်ခု အနှေး နှင့် အမြန် ဖြစ်လာ နိုင်ကြောင်းထည့်သွင်း ပြောကြားခဲ့သည်။
လုံခြုံရေး တင်းကျပ်ထားသည့် ရန်ကုန် မြို့ တွင် နာဂစ် ဆုတောင်းပွဲ ကို အကျဉ်းချုံး၍ သိုသိပ်စွာ ကျင်း ပရသော် လည်း ထိုဆုတောင်းပွဲ သို့ နိုင်ငံခြားသံတမန် များ အကျဉ်းသားဟောင်းများ သံဃာတော်များ နှင့် လူငယ် မျိုးဆက်သစ်များ တက်ရောက်သည် ဟု သိရသည်။
ဆုတောင်းပွဲ ဉ် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက “နာဂစ်ဒေသ တွင် ရေ စသည့် အခက် အခဲများ အပြင် အမိုးအကာမရှိမှု ၊ထိုဒေသရှိ တောင်သူလယ်သမားများ နာလန်မထူနိုင်သေးမှု ၊ရန်ကုန်အပါအ၀င် အခြားမြို့ကြီးများ ဉ် ပြည်သူများ လျှပ်စစ် မီး မရမှု ၊လျှပ် စစ်မီး နှင့် ဆက်စပ် သည့် ရေ အခက် အခဲဖြစ်မှု ၊ နယ်မြို့ များတွင် မတရား လုပ်အားပေးခိုင်းစေမှု များ ၊ ၀မ်းပျက် ၀မ်းလျှော ဝေဒနာရှင် များအား အစိုးရက ကျန်းမာ ရေး စောင့် ရှောက်မှု မပေးမှု ၊ လက်ဖက် ငါးပိ စသည့် စားကုန် တို့ ကို စားသုံးရန် တားမြစ်သည့် ဂယက် ကြောင့် ထိုစားကုန် များကို ထုတ်လုပ် ဖန်တီးသူ တို့ နစ်နာမှုဝန်ထမ်းများ မပြေလည်မှု စသည်များ ကြောင့် တိုင်းသူ ပြည်သားများတွင် အထွေအထွေ မကျေနပ်ချက်များဖြစ်ပေါ်နေပြီး အုံကြွမှု တစ်ခု ဖြစ် နိုင်သည် ဟု ထိုနိုင်ငံရေး အကျဉ်းသား ဟောင်းက နာဂစ် နှစ်ပတ်လည် သေဆုံးသူ များအောက်မေ့ဆုတောင်းပွဲ တွင် ထည့်သွင်း ပြောသည်။
ထိုပွဲသို့ တက်ရောက် လာသည့် လူငယ်မျိုးဆက်သစ် ကို သစ်လွင်ထွန်း ကလည်း “နာဂစ် ဒုက္ခသည်များကို ကူညီ၍ ထောင် ကျခံရသူများ နှင့် ထိုအချိန်က နာဂစ် သတင်းများ ကိုဖေါ်ပြခဲ့ မှုကြောင့် ထောင် ကျခဲ့ရသူများကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။
မနာဂစ် မုန်တိုင်းတွင် ကွယ်လွန်ခဲ့သူများကို ရည်စူး၍ မနက်ပိုင်းတွင် သံဃာတော်များကို ဆွမ်းသွပ်အမျှအတန်း ဝေပြီး ညနေပိုင်း တွင် သုံးမိနစ် ဖယောင်းတိုင် မီးများထွန်းညှိ၍ ငြိမ်သက်စွာဆုတောင်းခဲ့ကြသည်။
၂၀၀၈ ခုနှစ် မေလ ၂ ရက် နေ့ က တိုက်ခတ်သော နာဂစ်မုန်တိုင်းဒဏ်ကြောင့် လူ တစ်သိန်းလေးသောင်း ကျော်သေဆုံးကာ လူ နှစ်သိန်းနီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။မြန်မာ စစ်အစိုးရကမူ နာဂစ်မုန်တိုင်း တွင် သေဆုံးသူများအတွက် မည်သည့် အထိမ်းအမှတ် အမှတ်အခမ်းအနား များ မကျင်းပ ဟုသတင်းရရှိသည်။
