သတင်းလွတ်လပ်ခွင့်မရသောမြန်မာနိုင်ငံနှင့် မေလသုံးရက် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့

၃ မေ ရန်ကုန်၊               ၊တင်ကျော်ကျော်စိုး

ကမ္ဘာ့လူဦးရေ၏ ၄၇ ရာခိုင်နှုန်းသည် သတင်းလွတ်လပ်ခွင့်မရှိသည့်နေရာတွင် နေရပုံကိုသရုပ်ဖေါ်ပြထားပုံ
ကမ္ဘာ့လူဦးရေ၏ ၄၇ ရာခိုင်နှုန်းသည် သတင်းလွတ်လပ်ခွင့်မရှိသည့်နေရာတွင် နေရပုံကိုသရုပ်ဖေါ်ပြထားပုံ

မေလ သုံးရက်နေ့တွင်ကျရောက်သော ကမ္ဘာ့ သတင်းလွတ်လပ်ခွင့် နေ့ တွင် အမေရိကန် သမ္မတ အိုဘားမားက “မေလ သုံးရက် နေ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ သည် လွတ်လပ်မှု အတွက် အသက်တမျှ အရေးကြီးကြောင်း”ပြောကြားသွားသည်။လွတ်လပ်စွာ သတင်းရေးသားမှု အတွက် ၎င်းတို့ ၏မိခင် နိုင်ငံများမှာတွင် ပင် ထောင်သွင်းဖမ်းဆီးခြင်းအပစ်ပေးခံနေရသည့် သတင်းလွတ်လပ်ခွင့် အတွက် တိုက်ပွဲ ၀င်နေသူများအတွက်လည်း သမ္မတ အိုဘားမားက ထည့်သွင်း ပြောကြားသွားသည်။

မေလ သုံးရက် ကမ္ဘာ့သတင်းလွတ်လပ်ခွင့် နေ့အတွက် စစ်အစိုးရ အုပ်ချုပ်သော မြန်မာနိုင်ငံတွင် မူမည်သည့် အထိမ်းအမှတ် အခမ်းအနားမှ ကျင်းပခွင့်မရ ဟု သိရှိရသည်။ကမ္ဘာ့သတင်း လွတ်လပ်ခွင့်နေ့ တွင် ပြည်တွင်း သတင်းဂျာနယ် တစ်ခုမှ အယ်ဒီတာ တစ်ဦးကမူ “သတင်းလွတ်လပ် ခွင့် ဆိုတာ မြန်မာ နိုင်ငံမှာ ရှိသင့်နေပြီ ”ဟု Freedom News Group သို့ ပြောသည်။

ကမ္ဘာ့ သတင်းလွတ်လပ်ခွင့်နေ့ ကို ကုလသမဂ္ဂ အထွေထွေ ညီလာခံ ၏ ဆုံးဖြတ်ချက် အရ လွန်ခဲ့သည့် နှစ်စဉ် နှစ်တိုင်းမေလ သုံးရက် နေ့ ကို သတ်မှတ်ထားခြင်း ဖြစ်သည်။၁၉၉၃ ခုနှစ် မေလ၃ ရက် တွင် ကမ္ဘာ့ သတင်းလွတ်လပ်ခွင့်နေ့ စတင်ကျင်းပချိန်မှ စပြီး ၁၆ နှစ်ကြာပြီးနောက် ယနေ့ အချိန်အထိ သတင်းသမား ၆၉၂ ယောက်မှာ သတင်း လွတ်လပ်ခွင့် အတွက် အသက် စတေးခဲ့ ပြီး ဖြစ်သည် ဟု ဖရီးဒမ်းဟောက်(စ်) ၏ အစီရင်ခံစာ တွင် ဖော်ပြထားသည်။

ကုလသမ္မဂ အထွေထွေ အတွင်းရေးမှုးချူပ် ဘန်ကီမွန်းက ကမ္ဘာ့ သတင်းလွတ်လပ်ခွင့်နေ့ အတွက်“သတင်းမီဒီယာသည် နယ်ပယ်ပေါင်းစုံ တို့ အတွက် အရေးပါသော အချင်းအရာတစ်ရပ်ဖြစ်လာပြီးနိုင်ငံခေါင်းဆောင်များနှင့် ပြည်သူများကြားတွင် နားလည်မှုယုံကြည်မှုရအောင်တည်ဆောက်ပေးနိုင်သည် ”ဟုပြောကြားသွးသည်။

နိုင်ငံခေါင်းဆောင်များအနေဖြင့် လူအခွင့်အရေးကြေညာစာတမ်း အမှတ် ၁၉ ဖြစ်သည့် လွတ်လပ်စွာထုတ်ဖေါ်ပြောကြားခွင့်ကို အလေးထားရန် နှင့် ယနေ့ ခောတ်သည် အင်တာနက်မှ သတင်း ရင်းမြစ်များကို အဓိက ထားကြသည် ဖြစ်သည့် အတွက် အွန်လိုင်း အခြေစိုက် ဂျာနယ်လစ်များ အား မနှိပ်ကွပ်ရန် သူက ကာတာ နိုင်ငံ ဒိုဟာ မြို့တွင် ကျင်းကသော ကမ္ဘာ့ သတင်းလွတ်လပ်ခွင့်နေ့ အထိမ်းအမှတ်ပွဲတွင် ထပ်လောင်းပြောကြားသွားသည်။

ဇန်န၀ါရီလ ၈ရက်နေ့ က လုပ်ကြံခံခဲ့ရသည့် သီရိလင်္ကာ Sunday Leaderသတင်းစာမှ အယ်ဒီတာ Lasantha Wickrematunge အားယူနက်စကို မှ ပေးအပ်ချီးမြှင်သည့် ဂီလာမို ကာနို
ကမ္ဘာ့ သတင်းလွတ်လပ်ခွင့်ဆု ကိုပေးအပ်ချီးမြှင့်ခဲ့သည်။

ထိုဆုအတွက် ဒေါ်လာ နှစ်သောင်းငါးထောင် ပေးအပ်ချီးမြှင့်ခံရပြီး Wickremantunge ၏ဇနီး ဖြစ်သူ
ကတက်ရောက်လက်ခံ ရယူသည်။မြန်မာ နိုင်ငံမှ သတင်းစာ ဆရာကြီး ဦးဝင်းတင် ကို ၂၀၀၁ ခုနှစ် ထောင်သွင်း အကျဉ်းချ ခံနေရစဉ်က ထိုဆုပေးအပ် ချီးမြှင့်ခဲ့သည်။

ကမ္ဘာ့သတင်းလွတ်လပ်ခွင့် နေ့ ကို မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများတွင်လည်းကျင်းပသည်။အိမ်နီးချင်း
ထိုင်းနိုင်ငံတွင် မီဒီယာ ခုနှစ်ခု ပူးပေါင်း၍ အချက်ငါးချက် ပါတောင်းဆိုချက် တစ်ခု ကို ထုတ်ပြန်ခဲ့သည်။