၎ မေ ဘန်ကောက်၊ ၊Freedom News Group

ထိုင်းနိုင်ငံ အတွက် အန္တရာယ်ဖြစ်မှတွေရပ်၊ထိုင်းတွေကြား မှာ ပဋိပက္ခ ဖြစ်မှာ တွေရပ်ဟု အဓိပ္ပါယ်ရသည့် စာတန်းများ ကိုင်ဆောင် လာသည့် အဖြူရောင်များ ၀တ်ဆင်ထားသည့်
လူအုပ်ကြီးမှာ တနင်္လာနေ့ ညနေ ပိုင်းက ဘန်ကောက် လုမ္ဗနီ ပန်းခြံတွင် စုရုံးကြပြီး ထိုင်းနိုင်ငံ အလံများ ဝှေ့ယမ်းကာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည်။
အဖြူရောင် ၀တ်ဆန္ဒပြသူများ မှာငြိမ်းချမ်းရေးကို လိုလားကြပြီး လုမ္ဗနီ ပန်းခြံမှ တစ်ဆင့် ဆီလုံလမ်း
မအတိုင်း ချီတက် ဆန္ဒပြကာ ဘန်ကောက် ဘဏ် အရှေ့တွင် အဆုံးသတ်ခဲ့ကြသည်။ထိုအဖြူဝတ်
များတွင် ပညာရှင်များ၊နိုင်ငံရေးသမားများ၊စစ်သားဟောင်းများ၊စီပွားရေးသမားများ နှင့်မီဒီယာ နယ်မှ ပုဂ္ဂိုလ် တို့ ဖြင့်ပါဝင်ဖွဲ့ စည်းထားသည်။
အနီရောင် ၀တ်များကလည်း တနင်္ဂနွေ နေ့ က ဒွန်မောင်း တစ်ဝိုက်တွင် ချီတက်မှု ပြုခဲ့သည်။
